You are here ဂျပန်‌ဈေးကွက်မှာ မျက်နှာပန်းလှစွာ အရောင်းသွက်နေတဲ့ မြန်မာ့ကော်ဖီ

Mon, 01/10/2022 - 06:42 -- admin_ygn

ကမ္ဘာ့အထူးတန်းဝင် အကောင်းဆုံးကော်ဖီတွေထုတ်လုပ်တဲ့  နိုင်ငံတွေကတော့ ဘရာဇီး၊ ကိုလံဘီယာ၊ ဒိုမီနီကမ်နဲ့  အီသီယိုးပီးယားနိုင်ငံတွေပဲ  ဖြစ်ပါတယ်။ ထို့အတူ မြန်မာ့ကော်ဖီသမိုင်းကို  လေ့လာကြည့်မယ်ဆိုလျှင် ဗြိတိသျှကိုလိုနီခေတ်၁၈၈၅ ခုနှစ်များဆီကစတင်ပြီး ရိုဗက်စ်စတာကော်ဖီဟာ မြန်မာနိုင်ငံ မြိတ်နှင့်ထားဝယ် ဒေသတွေ ကို ရောက်ရှိလာခဲ့ပြီး ၁၉၃၀ခုနှစ်များမှာတော့ကတ်သလစ်သာသနာပြုအဖွဲ့က အာရေဗီကာ ကော်ဖီကို ပြင်ဦးလွင်မှာ  စတင်မိတ်ဆက် စိုက်ပျိုးခဲ့ကြပါတယ်။အဲဒါကြောင့်လက်ရှိ မြန်မာနိုင်ငံမှာကော်ဖီစိုက်ဧက စုစု ပေါင်း သုံးသောင်းကျော်ခန့်ရှိပြီးအာရေဗီကာကော်ဖီကို ၈၀ ရာခိုင်နှုန်းခန့်နဲ့ ရိုဗက်စတာကော်ဖီကို ၂၀ ရာခိုင်နှုန်း ခန့် စိုက်ပျိုး ထုတ်လုပ်ကြပါတယ်။အထူးသဖြင့် ပြင်ဦးလွင်၊ ရွာငံ၊ မိုးကုတ်၊ နောင်ချို၊ သံတောင်ကြီး၊ ဟိုပုံးနဲ့ပင်လောင်းဒေသတို့ဟာ ကော်ဖီ အများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ ဒေသတွေဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ မြန်မာနိုင်ငံကော်ဖီအသင်းက ကြီးမှူးပြီးနိုင်ငံတကာကော်ဖီပညာရှင်တွေကို ဖိတ်ခေါ်ကာကော်ဖီအရည်အသွေးအကဲဖြတ် အမှတ်ပေး ပြိုင်ပွဲကိုကျင်းပခဲ့ရာမှာ မြန်မာ့ကော်ဖီအရည်အသွေးက အမှတ် ၈၉ ပွိုင့် ရရှိခဲ့ပါတယ်။  မိုးကုတ်ကော်ဖီက၂၀၁၈ ခုနှစCoffee Cuppingပြိုင်ပွဲမှာ ပထမဆု ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ် မှာတော့ ဒုတိယဆုရရှိခဲ့ပါတယ်။ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှုတွေကို လေ့လာကြည့် မယ်ဆိုရင် FAO (Food and Agriculture Organization) ရဲ့ ၂၀၁၆ ခုနှစ် စာရင်းဇယားတွေအရ မြန်မာနိုင်ငံက ကော်ဖီထုတ်လုပ်မှုဟာ ၈၄၇၄ တန်နဲ့  ကမ္ဘာမှာ အဆင့် (၃၉) နေရာမှာရှိနေခဲ့ပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံထုတ် လုပ်မှုရဲ့  လေးပုံတစ်ပုံခန့်သာရှိပါတယ်။ ကော်ဖီထုတ်လုပ် မှုနဲ့ မြန်မာလူမျိုးတွေရဲ့ ပြည်တွင်းသောက်သုံးမှု အလေ့ အထတွေက အခြားအာရှနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့လို နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် နည်းပါးလျက်ရှိနေပါသေးတယ်။ မြန်မာနိုင်ငံ ကော်ဖီ အသင်းနဲ့ ကော်ဖီကုမ္ပဏီလုပ်ငန်းရှင်တွေ  ပူးပေါင်းပြီး ပြည်တွင်းစိုက်ပျိုးမှုနှင့်   ပြည်ပတင်ပို့မှုတွေကို တိုးချဲ့ ဆောင်ရွက်နိုင်ခဲ့သလို ပြည်ပကော်ဖီပြပွဲတွေကိုလည်း တတ်စွမ်းသမျှ ပါဝင်ပြသခဲ့ကြပါတယ်။အထူးသဖြင့် ဂျပန်နိုင်ငံ  Specialty Coffee Asso- ciation of Japan (SCAJ) အဖွဲ့က ကြီးမှူးပြီး နှစ်စဉ် နိုဝင်ဘာလမှာကျင်းပမြဲဖြစ်တဲ့ အာရှတိုက်ရဲ့အကြီးဆုံးကော်ဖီပြပွဲကြီးလို့ဆိုနိုင်တဲ့ SCAJ World Specialty Coffee Conference & Exhibition  ကို မြန်မာနိုင်ငံကော်ဖီ အသင်းနဲ့ ကော်ဖီကုမ္ပဏီတို့က ၂၀၁၈ခုနှစ် နဲ့ ၂၀၁၉ ခုနှစ် တွေမှာ သွားရောက်ပြသခဲ့ကြပါတယ်။ ၂၀၂၀ ပြည့်နှစ် မှာ ကိုဗစ်(၁၉) ကပ်ရောဂါကြောင့် ပြပွဲကျင်းပနိုင်ခြင်းမရှိပေ မယ့် ၂၀၂၁ ခုနှစ်မှာတော့ မြန်မာ့ကော်ဖီတွေ ဝယ်ယူနေ တဲ့ ဂျပန်ကုမ္ပဏီသုံးခုဖြစ်တဲ့ Saka No TochuCo.,Ltd, Mandalay Coffee Group Co., Ltd နဲ့ Aung Coffee Lab တို့က မြန်မာ့ကော်ဖီတွေနဲ့ မြန်မာနိုင်ငံကော်ဖီ ကိုယ် စားပြုပြီး  SCAJ World Specialty Coffee  Conf erence & Exhibition 2021 ပြပွဲမှာ ပါဝင်ပြသခဲ့ကြပါတယ်။
အဆိုပါကော်ဖီပြပွဲကြီးကို   ကမ္ဘာ့နိုင်ငံတွေက နာမည်ကြီးကော်ဖီအမျိုးအစားမျိုးစုံနဲ့ ကော်ဖီလုပ်ငန်း ပေါင်း၂၀ဝကျော်တို့ လာရောက်ပြသကြတဲ့အပြင် ကော်ဖီဖျော်စက်မျိုးစုံ၊ ကော်ဖီနှင့် စပ်ဆက်ပစ္စည်းမျိုးစုံ၊ ကော်ဖီ အသုံးပြုထုတ်လုပ်ထားတဲ့ အခြားသစ်သီးအရသာ၊ ဆေးဖက်ဝင်သစ်သီးသစ်ရွက်တွေနဲ့ ပေါင်းစပ်ထားတဲ့ သောက်သုံးစရာ များနဲ့ ကော်ဖီအခွံကိုအသုံးပြုပြီး အခြားဖြည့်စွက် အရသာတွေ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ အချိုရည်တွေကို  လည်းပြသပြီး လက်တွေ့မြည်းစမ်းသောက်သုံးနိုင်အောင်  စီစဉ်ပေးထားပါတယ်။ဒီနှစ် SCAJ World Specialty  Coffee Conference & Exhibition 2021  ပြပွဲမှာ ဝင်ရောက်ပြသခဲ့တဲ့ Aung Coffee  ကို ဂျပန်လူမျိုးMr. Okutomi Taketo ကတည် ထောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှစတင်ကာ ရှမ်းပြည်နယ် (ရွာငံ၊ ဟိုပုံး၊ ပင်လောင်း) မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်၊ မိုးကုတ်) တို့ကထွက်တဲ့   ကော်ဖီတွေကို အစေ့အစိမ်း ဝယ်ယူတင်သွင်းပြီး  အိမ်လှော် မြန်မာ့အထူးတန်းဝင် ကော်ဖီအဖြစ် ဂျပန်နိုင်ငံမှာ ကော်ဖီဆိုင်နှင့်  အင်တာနက် တို့ကနေတစ်ဆင့်   ပြန်လည် ရောင်းချ ခဲ့ပါတယ်။ အဲဒီ နောက် ၂၀၂၀ပြည့်နှစ်စပြီးတိုကျိုမြို့   Ushigome Yanagimachi  ဘူတာရုံအနီးမှာAung Coffee (Myanmar Coffee Lab Cafe’ &Roastery )  နာမည်နဲ့  မြန်မာ့အထူး တန်းဝင်ကော်ဖီတွေကို မြန်မာမုန့်တွေဖြစ်တဲ့ ဆနွင်း မကင်း၊ ကောက်ညှင်းရွှေကြည်၊ စနိုးပူတင်းတို့နဲ့ တွဲဖက် ရောင်းချပါတယ်။ အခုဆိုရင် ဂျပန် လူမျိုးတွေ ဟာ မြန်မာ့ ကော်ဖီကိုကြိုက်နှစ်သက်သူတွေတိုးပွားလာနေပြီး ကော်ဖီ ဈေးနှုန်းကလည်း ကမ္ဘာ့နာမည်ကျော်  Starbuck Coffee    ဈေးနှုန်းနဲ့ အတူတူပဲဖြစ်ပါတယ်။ဒီလိုဂျပန်ဈေးကွက်၌ မျက်နှာပန်းလှစွာ အရောင်း သွက်နေတဲ့ မြန်မာ့ကော်ဖီရဲ့ တိုးတက်မှုအရှိန်အဟုန်ကို ဆက်လက် မြှင့်တင်ပေးနိုင်ဖို့ အားလုံးဝိုင်းဝန်ကြိုးပမ်းကြရမှာ ဖြစ် ပါတယ်။ ထို့အတူ အခြားသောကော်ဖီသောက်သုံးမှုမြင့်မားတဲ့  နိုင်ငံတွေမှာလည်း  (ဥပမာ-ကိုရီးယား) အလားတူ မြန်မာ့ကော်ဖီသီးသန့်ဆိုင်တွေ ပေါ်ထွန်းလာ စေဖို့ အားလုံးပါဝင်ပြီး တစ်တပ်တစ်အား ကြိုးစားကြပါ စို့လို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

မြတ်မြတ်စိုးမိုး(Myantrade)

Local Trade News

Pages