အနီရောင်ရှိသည့် အသားများနှင့် ကင်ဆာရောဂါဖြစ်ပွားမှု ဆက်စပ်နေသည်ဟုဆို

Fri, 01/09/2015 - 15:07 -- admin_ygn

   အနီရောင်ရှိသည့် အသားများကို စားသုံးခြင်းကြောင့် ကင်ဆာရောဂါများဖြစ်ပွားရခြင်း အကြောင်းကို  ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆန်ဒီယေဂိုတက္ကသိုလ်မှ သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့က စမ်းသပ်တွေ့ရှိခဲ့သည်ဟု  ကျန်းမာရေး သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
   အနီရောင်ရှိသည့်  အသားများဖြစ်သည့် အမဲသား၊ ဆိတ်သား၊ ဝက်သား၊ သိုးသားတို့နှင့် သကြားကို အသုံးပြု၍ နီရဲနေအောင်ပြုလုပ်ထားသော အသားများကို အလွန်အကျွံ စားသုံးသောသူများသည် ကင်ဆာရောဂါများဖြစ်ပွားနိုင်ကြောင်း အဆိုပါသိပ္ပံပညာရှင်အဖွဲ့က ရေးသားဖော်ပြခဲ့သည်။
   သကြားတွင်ပါဝင်သည့် Neu5GC  သည် ခန္ဓာကိုယ်တွင်း အလုံးအကျိတ်များကို ဖြစ်ပေါ်စေနိုင်ပြီး ၎င်းကိုအသုံးပြု၍ နီရဲနေအောင်ပြုလုပ်ထားသောအသားများကို စွဲမြဲစွာ စားသုံးသောသူများသည် ကင်ဆာ ရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုများပြားကြောင်းဖြင့် အဆိုပါအဖွဲ့ကတင်ပြထားသည်။
   ''ကျွန်တော်တို့ အခုအချိန်မှာ Neu5GC နဲ့ ကင်ဆာရောဂါဆက်စပ်ပတ်သက်နေမှုကို ရှာတွေ့ထားပါပြီ'' ဟု UCSD မှ ပါမောက္ခ ဒေါက်တာအာဂျစ်ဗာကီက ပြောကြားခဲ့သည်။
   သို့သော် သိပ္ပံပညာရှင်များကမူ အနီရောင်ရှိသောအသားများကို စားသုံးခြင်းကြောင့် ပရိုတိန်းဓာတ်၊ ဗီတာမင်ဓာတ်နှင့် သတ္ထုဓာတ်များကို ဖြည့်စွမ်းပေးသဖြင့် အနီရောင် ရှိသောအသားများသည် လူတို့၏ကိုယ်ခန္ဓာအတွက် လိုအပ်သည့်အာဟာရကို ဖြည့်စွမ်းပေးကြောင်း ဒေးလီးတယ်လီဂရပ်တွင် ဖော်ပြထားသည့်သတင်းအရသိရသည်။ လူတို့ အနေဖြင့် တစ်နေ့လျှင် နီရဲသောအသား ၂ ဒသမ ၅အောင်စ သို့မဟုတ် ၎င်းထက်နည်းသော ပမာဏကိုသာစားသုံးသင့်ကြောင်း၊ သို့မဟုတ်ပါက အမဲသားကင်အပြား နှစ်ချပ် သို့မဟုတ် သိုးသားကင် အပြားတစ်ချပ်ကို စားသုံးနိုင်ကြောင်း  ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများ၏ ပြောကြားချက်အရသိရသည်။ 

မယ်သီတာ

Local Trade News

Pages