အထက်မင်းလှမြို့နယ်၌ ဥစိုက်ကြက်သွန်နီများ စတင်စိုက်ပျိုးလျက်ရှိ

Tue, 11/07/2023 - 03:13 -- mocadmin

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဝါ၊ နှမ်း၊ မြေပဲ၊ ပဲစဉ်းငုံနှင့် အခြားစားဖိုဆောင်သီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြပြီး ကုန်းကြီးကျေး ရွာအုပ်စု၊ ဂျင်ရဲမြောင်(စံပြ)ကျေးရွာ၌ ဇော်မွှား (‌ခေါ်) ဥစိုက်ကြက်သွန်နီများ ရေသွင်းစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

          မိုးရာသီကာလတွင် ဥစိုက်ကြက်သွန်နီကိုသာ စိုက်ပျိုးကြပြီး ဆောင်းရာသီတွင်စိုက်ပျိုးမည့် ကြက်သွန်နီများမှာ ပျိုးထောင်ဆဲဖြစ်ကြောင်း၊ ဥစိုက်ကြက်သွန်နီများကို စလင်း၊ ပွင့်ဖြူ၊ တောင်သာ၊ မြင်းခြံစသော ဒေသတို့မှ (၁) ပိဿာလျှင်ကျပ် (၃၈၀၀ မှ ၄၀၀၀) ‌ဖြင့် ဝယ်ယူပြီး တစ်ဧကလျှင် ပိဿာ (၄၀၀) ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း (၉၀) အကြာတွင် တူးဖော်ရကြောင်း၊ အထွက်နှုန်းအနေဖြင့် ရေကောင်း၊ မြေကောင်းသည့်နှစ်များတွင် တစ်ဧကလျှင် ပိဿာချိန် (၆၀၀၀) နီးပါးထွက်ရှိကြောင်း၊  စိုက်ပျိုးမှုကုန်ကျစရိတ် အနေဖြင့် တစ်ဧကလျှင် အလုပ်သမားခ အပါအဝင် စုစုပေါင်း ကျပ်သိန်း (၄၀) ကျော် ကုန်ကျပြီး ကြက်သွန်နီ စိုက်ခင်းများ လှိုင်လှိုင်တူးဖော်ကြသည့်အချိန် တွင် လုပ်အားခမှာ ပိုမိုကုန်ကျကြောင်း၊ ကြက်သွန်နီဥ အရွယ်အစားအလိုက် ဈေးကွက်အခြေအနေ ပေါ်မူတည်၍ ဈေးရရှိကြောင်း၊ တူးဖော်ရရှိသည့် ကြက်သွန်နီများကို ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံသို့ တိုက်ရိုက်တင်ပို့ရောင်းချရကြောင်း ကြက်သွန်စိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages