အညာဒေသ ယဉ်ကျေးမှု အထင်ကရ ထုတ်ကုန်

Fri, 06/11/2021 - 04:02 -- admin_ygn

အညာဟုဆိုသည်နှင့် ပုဂံညောင်ဦးဒေသကို လူတိုင်း ပြေးမြင်မိကြမည်ထင်ပါသည်။ စေတီပုထိုး များနှင့် ပထမမြန်မာနိုင်ငံတော်ကြီးတွင်   ယဉ် ကျေးမှု ကုန်စည်အဖြစ်   ပုန်းရည်ကြီးလုပ်ငန်းနှင့် ယွန်းထည်လုပ်ငန်းတို့ကို အထင်ရှားဆုံးတွေ့ရမည် ဖြစ်သည်။  ပုဂံညောင်ဦးဒေသတွင် ပုန်းရည်ကြီး လုပ်ငန်းသည် ရှေးမူမပျက်    မိရိုးဖလာလုပ်ငန်း တစ်ခုပင် ဖြစ်သည်။  ဘုရားဖူးအပြန်လက်ဆောင် အဖြစ်လည်းကောင်း၊ အသင့်သုံးစားသောက်ကုန် တစ်ခုအဖြစ်လည်းကောင်း၊   ရောင်းဝယ်ဖောက် ကား လျက်ရှိသော  ပုန်းရည်ကြီးသည် အရသာရှိ သော အိမ်ရှင်မတို့ လက်စွဲဒေသထွက်ကုန်တစ်ခုပင် ဖြစ်သည်။ယခုအခါ ပုန်းရည်ကြီးလုပ်ငန်းရှင်များသည် ကုန်အမှတ်တံဆိပ်မျိုးစုံဖြင့်   ထုတ်လုပ်ရောင်းချ လျက်ရှိသည်။ ပုန်းရည်ကြီးလုပ်ငန်းရှင်များသည် ယခင် ကိုဗစ်ကာလမတိုင်မီ   ခရီးသွားဧည့်သည် ဝင်ရောက်မှုများပြားသည့်ကာလတွင်   တစ်ရက် လျှင် ပျမ်းမျှ ပိဿာ ၄၅၀ ခန့် ထုတ်လုပ်နိုင်ခဲ့သည်။ ယခုမူ   ဈေးကွက်တွင် နာမည်ရရှိပြီးသော လုပ် ငန်းရှင်တစ်ဦးလျှင်ပင် ပုန်းရည်ကြီး  ပိဿာချိန် တစ်ရက်လျှင် ပျမ်းမျှပိဿာ ၁၅၀ ခန့်သာ ထုတ် လုပ်နိုင်တော့ကြောင်း သိရသည်။   ထိုသို့ ထုတ် လုပ်မှု ပမာဏကျဆင်းနေသော်လည်း  ဈေးကွက် အတွင်းရှိ ပုန်းရည်ကြီးဈေးနှုန်းမှာ ပြောင်းလဲခြင်း မရှိဘဲ အထုပ်သေး ၁၀ ထုပ်ပါ   တစ်ပါကင်လျှင် နာမည်ရရှိပြီး ကုန်အမှတ်တံဆိပ်အပေါ် မူတည်၍ ဈေးနှုန်း ကျပ် ၁၀ဝ၀ မှ ၁၂၀ဝအထိသာ အသီးသီး ရောင်းချလျက်ရှိသည်။ယခုကာလတွင်      ခရီးသွားဧည့်သည် လာရောက်မှု အလွန်နည်းပါးလျက်ရှိသဖြင့် ကုန် ထုတ်လုပ်မှုကာလအခြေအနေပေါ်  မူတည်၍ချိန်ဆ ထုတ်လုပ်လျက်ရှိသည်ကို      တွေ့မြင်ရသည်။သို့သော်လည်း   ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ တောင်ကြီး၊ ပဲခူး၊ ရေနံချောင်း၊ ပခုက္ကူ စသည့် မြို့များသို့ ပုန်းရည်ကြီး ဖြန့်ချိ တင်ပို့ရောင်း ချရမှုမှာ ပုံမှန်အတိုင်းရှိကြောင်း သိရသည်။ယနေ့ခေတ်သည်  ခေတ်မီဖွံ့ဖြိုးတိုးတက် လာသည်နှင့်အညီ   ပုန်းရည်ကြီးလုပ်ငန်းရှင်များ သည်    မိမိတို့၏ကုန်ပစ္စည်းကို   အရည်အသွေး ကောင်းမွန်လာစေရန်   ကုန်ထုတ်လုပ်မှုကဏ္ဍကို မြှင့်တင်လာသည်ကိုမြင်တွေ့ရသည်မှာဝမ်းမြောက် ဖွယ်ဖြစ်သည်။ ကုန်ထုတ်လုပ်မှုသည်   ယခင်က ထက်   ပိုမိုအရည်အသွေးပြည့်ဝလာသည့်အပြင်  နိုင်ငံတော်က သတ်မှတ်သည့် စံချိန်စံညွှန်းများနှင့် အညီ   ထုတ်လုပ်လာနိုင်ပြီဖြစ်သည်။  ဤသည်မှာ ကျန်းမာရေးနှင့်ညီညွတ်သည့်အပြင်    စိတ်ချ ယုံကြည်ရသည့် ပြည်တွင်းကုန်သွယ်မှုမှတစ်ဆင့် ပြည်ပကုန်သွယ်မှုသို့     အရောက်လှမ်းနိုင်မည့် ခြေလှမ်းသစ်ဟု ယူဆနိုင်ပါသည်။ နိုင်ငံခြား၊ ခရီး သွား၊ လုပ်ငန်းများနှင့်ဆက်စပ်ပြီး လုပ်ဆောင်မည် ဆိုပါက လွယ်ကူလျင်မြန်စေမည့်အပြင် မိမိနိုင်ငံ ၏ ပြည်ပဝင်ငွေကို တိုးတက်အောင်ဆောင်ရွက်နိုင် မည့် မိရိုးဖလာ ယဉ်ကျေးမှု   ကုန်စည်တစ်ခုဖြစ် ကြောင်း တင်ပြလိုက်ရပါသည်။    နိုင်ဇင်ဝေ(မြင်းခြံ)

 

Local Trade News

Pages