သနပ္ပင်မြို့နယ်အတွင်း အသားတိုးကြက်မွေးမြူရေးလုပ်ငန်းများ အကျိုးအမြတ်ရရှိ

Thu, 09/21/2023 - 03:55 -- mocadmin

    ပဲခူးတိုင်းဒေသကြီး၊ သနပ္ပင်မြို့နယ်အတွင်း အသားတိုးကြက်နှင့် ဥစားကြက်မွေးမြူရေး လုပ်ငန်းများကို ပိုမိုတိုးချဲ့လုပ်ကိုင်လာကြကြောင်း၊ ကြက်မွေးမြူရေးခြံများ ပိုမိုများပြားလာသည့်   အနက် အသားတိုးကြက် မွေးမြူရေးလုပ်ငန်းသည် အချိန်တိုအတွင်း အကျိုးအမြတ် ရရှိနိုင်သော ကြောင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းထက် ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်လာကြကြောင်း၊ ကြက်မွေးမြူသူများအနေဖြင့်လည်း အသားတိုးကြက်မွေးမြူရာတွင် တစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် အကောင်ရေ (၅၀၀/၁,၀၀၀)ကို မွေးမြူသူများရှိသည့်အပြင် အကောင်ရေ (၃,၀၀၀/၅,၀၀၀/၁၀;၀၀၀) အထိ စီးပွားဖြစ်မွေးမြူသူများလည်းရှိကြောင်း သိရသည်။ အသားတိုးကြက်အနေဖြင့် သားပေါက်မှစ၍ ရောင်းချရသည့်အချိန်အထိ ၄၅ ရက်သာ ကြာမြင့်ပြီး အချိန်တိုအတွင်း အမြတ်အစွန်းများစွာ ရရှိကြောင်း၊ ၄၅ ရက်သားရှိသော ကြက်တစ်ကောင်လျှင် ပိဿာချိန် ၁ ပိဿာ ၅၀ ကျပ်သားခန့်ရရှိပြီး ထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် အစားအစာ၊ ဆေးဝါး၊ လုပ်သားခအပါအဝင် ၉,၀၀၀ ကျပ် ခန့်ကုန်ကျကြောင်း၊ လက်ရှိပေါက်ဈေးအနေဖြင့် ကြက်သားများ တစ်ပိဿာလျှင် ၁၂,၀၀၀ ကျပ် ခန့်ရရှိနေသည့်အတွက် အချိန်တိုအတွင်း အကျိုးအမြတ်ရရှိသော လုပ်ငန်းဖြစ်ကြောင်း သိရသည်။

DOCA (ပဲခူး)

Local Trade News

Pages