ရွှေဘိုဈေးကွက်သို့ မြေပဲလုံးဆန်များ စတင်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်

Thu, 03/07/2024 - 06:06 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုဈေးကွက်သို့မြေပဲလုံးဆန်(ဖြူ)များ ဖေဖော်ဝါရီလ တတိယပတ်မှစတင်၍ ဝင်ရောက်လျက်ရှိကြောင်း၊ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် အရောင်း အဝယ်ဖြစ်သည့် ဈေးနှုန်းများအနေဖြင့် မြေပဲလုံးဆန်(ဖြူ) တစ်တင်းလျှင် ၁၁၇,၆၀ဝိ/- ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း ၄၅၀၀ တင်း/ တန်အားဖြင့် ၁၀၃ တန် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း၊  ဖေဖော်ဝါရီလ၊ တတိယပတ်နှင့် ဖေဖော်ဝါရီလ၊ နောက်ဆုံးပတ် ဈေးနှုန်းများနှိုင်းယှဉ်ပါက ဖေဖော်ဝါရီလ၊ တတိယပတ်၌ မြေပဲလုံးဆန်(ဖြူ) တစ်တင်းလျှင် ၁၁၈,၄၀ဝိ/-ကျပ် ပေါက်ဈေးရှိခဲ့ သဖြင့် ဖေဖော်ဝါရီလ၊ နောက်ဆုံးပတ်တွင် မြေပဲလုံးဆန်(ဖြူ) တစ်တင်းလျှင် ၈၀ဝိ/- ကျပ် ဈေးနှုန်း လျော့နည်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages