ရွှေဘိုခရိုင်အတွင်းဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Tue, 10/17/2023 - 03:56 -- mocadmin

   ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌အောက်တိုဘာလ(ဒုတိယပတ်)တွင် စပါး၊ဆန် ဈေးနှုန်းများ အနည်းငယ်ကျဆင်းနေကြောင်း၊ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီး/ပြည်နယ် များသို့ ဆန်စီးထွက်မှုမှာ အောက်တိုဘာလ(ပထမပတ်)တွင် ရန်ကုန်သို့ အိတ်ရေ ၁၇၃၀၀၊ မန္တလေးသို့ အိတ်ရေ၁၇၈၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၅၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၅၂၆၀၀၊ တန်အားဖြင့် ၂၆၃၀တန် စီးထွက်ခဲ့ပြီး၊ ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၆၃၀၀၊ မန္တလေးသို့ အိတ်ရေ ၁၇၅၀၀၊ နေပြည်တော်သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၂၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၂၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၄၄၃၀၀၊ တန်အားဖြင့် ၂၂၁၅ တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခု အပတ်အတွင်း အိတ်ရေ ၈၃၀၀၊ တန်အားဖြင့် ၄၁၅ တန် လျော့၍ စီးထွက်ခဲ့ကြောင်း သိရသည်။

   အောက်တိုဘာလ(ဒုတိယပတ်)တွင်ရွှေဘိုမြို့၌ဖြစ်ပေါ်နေသော စပါး၊ ဆန်ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ကျပ် ၃,၇၀၀,၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၅,၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၀၀၀၀နှင့် ၂၀၂၂-၂၀၂၃ ခုနှစ် ရွှေဝါထွန်း(နွေစပါး) တင်း၁၀၀လျှင် ကျပ် ၁,၈၀၀,၀၀၀၊ ရွှေဝါထွန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages