ရွှေဘိုခရိုင်အတွင်းဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Tue, 10/03/2023 - 07:14 -- mocadmin

   ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ စက်တင်ဘာလ နောက်ဆုံးပတ်တွင် စပါး/ဆန် ဈေးနှုန်းများ တည်ငြိမ်၍ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ စက်တင်ဘာလတတိယပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၂၀၅၀၀၊ မန္တလေးသို့အိတ်ရေ ၂၄၁၀၀၊ နေပြည်တော်သို့အိတ်ရေ ၆၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၅၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၀၀၀၊ ပခုက္ကူသို့အိတ်ရေ ၂၀၀၀၊ စုစုပေါင်း အိတ်ရေ ၆၂၆၀၀၊ တန်အားဖြင့် ၃၁၃၀ တန် စီးထွက်ခဲ့ပြီး ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၈၅၀၀၊ မန္တလေးသို့ အိတ်ရေ ၂၀၁၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၄၅၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၄၀၀၀၊ စုစုပေါင်းအိတ်ရေ ၅၇၆၀၀၊ တန်အားဖြင့် ၂၈၈၀ တန်စီး ထွက်ခဲ့ကြောင်း၊ ရွှေဘိုမြို့၏ စက်တင်ဘာလနောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ကျပ် ၃,၇၀၀,၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅,၀၀၀၊ ရွှေဘိုဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၀,၀၀၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

Local Trade News

Pages