ရေနံချောင်း၌ နဂါးမောက်သီးလှိုင်လှိုင်ဝင်ရောက်ကာ အရောင်းအဝယ်သွက်နေ

Wed, 08/12/2020 - 08:29 -- admin_ygn

မကွေးတိုင်းဒေသကြီး  ရေနံချောင်းမြို့၌ ပုပ္ပားဒေသ ထွက်နဂါးမောက်သီးများလှိုင်လှိုင်ဝင်ရောက်နေရာတစ်ဆင့် ပြန်လည်ရောင်းချသည့်ဈေးသည်များ     ဝင်ငွေရနေကြ ကြောင်း သိရှိရသည်။“ယခင်တစ်ပတ်ကထက် နဂါးမောက်သီး ဝင်ရောက်မှု ပိုများတယ်။ ဈေးကွက်မှာက နဂါးမောက်ခြံတွေ   တစ်ပြိုင် တည်း ခူးကြတာကြောင့်လို့ သိရပါတယ်။အရောင်းအဝယ်က တော့ကျေးရွာတွေကို အဓိကထားရောင်းရတာလည်းရှိတယ်။အရောင်းသွက်တယ်”ဟုရေနံချောင်းမြို့မှ နဂါးမောက်ရောင်း သူ အမျိုးသမီးတစ်ဦးက ပြောသည်။ရေနံချောင်းမြို့နယ်တွင် နဂါးမောက်စိုက်သူနည်းပါး၍        ကျောက်ပန်းတောင်းမြို့နယ်နှင့်   ပုပ္ပားဝန်းကျင်ထွက်   နဂါး မောက်သီးများကို အဓိကရောင်းချနေရသည်။ဈေးကွက်တွင် နဂါးမောက်သီးအရွယ်အစား မူတည်၍ တစ်လုံးလျှင် ကျပ် ၇၀ဝ၊ ကျပ်၉၀ဝ၊  ကျပ်၁၀ဝ၀ ဝန်းကျင် ရောင်းချရကြောင်း နဂါးမောက်သီးဈေးကွက်မှသိရသည်။ 

 

 ဆန်ညွန့်(ရေနံချောင်း

Local Trade News

Pages