ရေစကြိုမြို့နယ်အတွင်းမိုးစိုက် (ခေါ်) ဥစိုက်ကြက်သွန်နီများ စိုက်ပျိုးလျက်ရှိ

Thu, 10/12/2023 - 03:19 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်းချင်းတွင်းမြစ်၏ အနောက်ဘက် ကမ်းရှိ ကုန်းတလင်း၊ ဇီးကုန်း၊ ဇီးကုန်းကျွန်း၊ သူဌေးကုန်းနှင့် ကန်ဒေါင့်ကျေးရွာများတွင် စက်တင် ဘာလနှင့် အောက်တိုဘာလတို့တွင် မိုးစိုက် (ခေါ်) ဥစိုက်ကြက်သွန်နီများ အများအပြား စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

   မျိုးဥများ အနေဖြင့် ဒေသခေါ် (ကျမ်းကျွံ) ဥသေးများနှင့် (ဇော်မွှား) မျိုးဥများကို စိုက်ပျိုးကြ ကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် တစ်ဧကလျှင် မျိုးဥ(၃၀၀ မှ ၃၅၀) ပိဿာခန့်စိုက်ပျိုးရပြီး မျိုးဥအရွယ် အစားအကြီး၊ အသေးပေါ်မူတည်၍ တစ်ဧကစိုက်ပျိုးရာတွင် သုံးစွဲရသည့် ပိဿာများ ကွာခြားမှုရှိ ကြောင်း၊ တစ်ဧက ကုန်ကျစရိတ် အနေဖြင့် ကျပ် (၂,၅၀၀,၀၀၀) ခန့် ကုန်ကျကြောင်း၊ ရာသီဥတု ကောင်းမွန်ပြီး ခန့်မှန်းအထွက်နှုန်းအတိုင်း ထွက်ရှိမည်ဆိုပါက တောင်သူများအနေဖြင့် အကျိုး အမြတ်များ ရရှိနိုင်မည်ဖြစ်ကြောင်း ကုန်းတလင်းကျေးရွာမှ ကြက်သွန်စိုက်ပျိုးတောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

DOCA (မကွေး)

Local Trade News

Pages