မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းများ ဆက်လက်ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

Tue, 03/19/2024 - 04:46 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့ အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

   မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများ အနေဖြင့် အရည်အသွေးအပေါ်မူတည်၍ ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၅,၀၀၀-၇,၀၀၀ ဖြင့်လည်းကောင်း၊ မတ်လပထမပတ်တွင် ငွေကျပ် ၃,၀၀၀-၄,၀၀၀ ဖြင့်လည်းကောင်း၊ မတ်လ ဒုတိယပတ်တွင် ငွေကျပ် ၂,၀၀၀-၂,၅၀၀ ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဆောင်းအကုန် နွေအကူး ရာသီချိန်တွင် ကွမ်းအထွက်နှုန်းတိုးလာပြီး ဈေးကွက်အတွင်း ကုန်စည်ဝင်ရောက်မှု များပြားကာ ဈေးနှုန်းများ ဆက်လက်ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages