မုံရွာမြို့နယ်ကွမ်းဈေးနှုန်းများ မြင့်တက်လျက်ရှိ

Wed, 12/13/2023 - 10:28 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် အနေဖြင့်လည်းကောင်း အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးများကြသည်။

   မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းမှာ နိုဝင်ဘာလတွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀-၆၅၀၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဒီဇင်ဘာလ (ဒုတိယပတ်) တွင် အရည်အသွေး အပေါ်မူတည်၍ ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၉၀၀၀-၁၀၀၀၀ ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဆောင်းရာသီတွင် ကွမ်းအထွက်နှုန်းလျော့နည်းပြီး ဈေးကွက် အတွင်း ကုန်ဝင်ရောက်မှုနည်းပါးကာ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages