မိုးညိုမြို့နယ်၊ ဝဲကြီးကျေးရွာ၌ ပဲငပိစိုက်တောင်သူများ ဈေးကောင်းရနေ

Thu, 12/21/2023 - 03:39 -- mocadmin

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဝဲကြီးကျေးရွာသည် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင် တည်ရှိကြပြီး စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်လျက်ရှိရာ စပါး၊ ပဲငပိ၊ ပဲကြီး၊ ကုလားပဲ၊ မတ်ပဲ၊ မြေပဲ၊ ငရုတ်၊ ခရမ်းချဉ်သီး၊ ပြောင်း၊ နှမ်း၊ ပဲထောပတ်နီ၊ ပဲထောပတ်ဖြူ စသည့်သီးနှံများကို ရာသီအလိုက် စီးပွားဖြစ်စိုက်ပျိုးကြကြောင်း၊ ပဲငပိစိုက်တောင်သူ (၂၀) ဦး‌ခန့်ရှိပြီး စိုက်ဧကမှာ (၂၅) ဧကကျော်ရှိကြောင်း၊ စိုက်ပျိုးရာတွင် ယခင်နှစ်ကထွက်ရှိသော ပဲငပိအပင်မှ ပဲအတောင့်စေ့ကို မျိုးအဖြစ် ဖယ်ချန်၍ စိုက်ပျိုးကြခြင်းဖြစ်ကြောင်း၊ စက်တင် ဘာလတွင် မျိုးစေ့ကို ကြဲပက်စနစ်ဖြင့် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် ရိတ်သိမ်းကြောင်း၊ (၁) ဧကလျှင် မျိုး (၂၂) ပြည်နီးပါး ကုန်ကျပါကြောင်း၊ မိုးကိုအမှီပြု၍ စိုက်ပျိုးရသောသီးနှံဖြစ်သော ကြောင့် ရေသွင်းစရာ မလိုပါကြောင်း၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ လုပ်အားခအပါအဝင် စုစု ပေါင်း ကုန်ကျစရိတ်မှာ (၁) ဧကလျှင် ကျပ် (၂၅၀,၀၀၀) အထိကုန်ကျပါကြောင်း၊ ဒီဇင်ဘာလတွင် ပဲငပိစိုက်ခင်းများ စတင်ရိတ်သိမ်းလျက်ရှိပြီး အလုပ်သမား တစ်ဦးလျှင် လုပ်အားခ အနေဖြင့် ကျပ် (၅,၀၀၀ မှ ၆,၀၀၀)အထိ ပေးရကြောင်း၊ ယခုနှစ်တွင် ရာသီဥတု ကောင်းမွန်သောကြောင့် (၁) ဧက လျှင် တင်း (၂၀ မှ ၂၅) တင်းခန့် ထွက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (တတိယပတ်) တွင် ပဲငပိ (၁) တင်းလျှင် ကျပ် (၆၅,၀၀၀) အထိ ဈေးရရှိသောကြောင့် (၁) ဧက အကျိုးအမြတ်အနေဖြင့် ကျပ် (၉၀၀,၀၀၀) ခန့်ရရှိပြီး ပဲငပိစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

Local Trade News

Pages