မိုးညိုမြို့နယ်တွင် မိုးစပါးများလှိုင်လှိုင်ထွက်ရှိ

Thu, 11/02/2023 - 03:35 -- mocadmin

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် မိုးညိုမြို့နယ်တွင် မိုးစပါးများ လှိုင်လှိုင်ထွက်ရှိနေပြီး ထွက်ရှိသော စပါးများကို နီးစပ်ရာမြို့နယ်များဖြစ်သော လက်ပံတန်း၊ မင်းလှ၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်း စသည့်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိသလို မိုးညိုမြို့ပေါ်ရှိ ဆန်စက်လုပ်ငန်းရှင်များနှင့် ဆန်/စပါး ကုန်သည်ကြီးများကလည်း မိမိတို့ နီးစပ်ရာ တောင်သူများထံ လယ်ကွင်းများအရောက် သွားရောက်၍ ကွင်းဆင်းဝယ်ယူလျက်ရှိကြောင်း၊ ကွင်းအရောက် စပါး ဈေးနှုန်းမှာ ပေါင် ၅၀ စပါးတင်း (၁၀၀) လျှင်  ကျပ် ၁,၄၈၀,၀၀၀/- ဈေးနှုန်းဖြင့် ဝယ်ယူလျက် ရှိကြောင်း၊ စပါးတစ်ဧကထွက်ရှိမှုအနေဖြင့် (၈၀)တင်းနှုန်းခန့် ထွက်ရှိပြီး ဈေးနှုန်းလည်းကောင်းမွန် သောကြောင့် တောင်သူများ ယခင်နှစ်ထက် အကျိုးအမြတ် ပိုမိုရရှိနေကြောင်း သိရသည်။

   မိုးညိုမြို့ပေါ်ရှိ ကုန်သည်ကြီးများနှင့် ဆန်စက်ပိုင်ရှင်များကလည်း ဝယ်ယူရရှိထားသော စပါးများကို မိမိတို့၏  အခြောက်ခံစက်များတွင် ပြန်လည်အခြောက်ခံ၍  စပါးအနေဖြင့် သိုလှောင် ထားခြင်း၊ လုံးတီးဆန်အဖြစ် ကြိတ်ခွဲ၍ သိုလှောင်ထားခြင်း၊ ဆန်အဖြစ် ကြိတ်ခွဲပြီး ၁၀၈ ပေါင် ဆန်တစ်အိတ်လျှင် ကျပ် ၆၁၅၀၀/- ဖြင့် ဘုရင့်နောင် ဆန်ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်းနှင့် ဖွဲနု တစ်ပေါင်လျှင် ကျပ် ၃၆၀/- ဖြင့် လှိုင်သာယာအစာစပ်စက်ရုံများသို့ ရောင်းချလျက်ရှိကြောင်း သိရှိရ သည်။

DOCA (ပဲခူး)

Local Trade News

Pages