မိုးစပါးများ အောင်မြင်ဖြစ်ထွန်းမှုနှင့် ဈေးနှုန်းဈေးကွက်

Wed, 11/23/2022 - 08:13 -- comsumer

            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည်မိုးစပါးကိုလည်း အဓိကထားအများဆုံးစိုက်ပျိုး ကြသည်။ မိုးစပါးစိုက်ပျိုးမှုအနေဖြင့် ယခင်(၂၀၂၁ - ၂၀၂၂) ခုနှစ်တွင် (၁၅၆၇၀၇)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃)ခုနှစ်တွင် (၁၄၃၇၉၆)ဧက စိုက်ပျိုးထားပြီး ယခုအချိန်တွင် မိုးစပါးများ အောင်မြင် ဖြစ်ထွန်းလျက်ရှိသည်။ မိုးရွာသွန်းမှုကောင်းသောနှစ်ဖြစ်သောကြောင့် ယခုနှစ်မိုးစပါးများမှာ ယခင်နှစ်ထက် ပိုမိုဖြစ်ထွန်းကြောင်း ရေတင်စရိတ်များလည်း ယခင်နှစ်ကထက်သက်သာကြောင်း၊ အထွက်နှုန်းလည်း ပိုမိုကောင်းမွန်နိုင်ကြောင်း သိရသည်။ စပါးဈေးနှုန်းအနေဖြင့် ယခုအချိန်တွင် ပဒေသာစပါး (အဟောင်း) တင်း(၁၀၀) လျှင် (၁၅၀၀၀၀ဝိ/-)ကျပ် ၊ မနောသုခစပါး(အဟောင်း) တင်း(၁၀၀) လျှင် (၁၃၀၀၀၀ဝိ/-) ကျပ်ဖြစ်ပြီး ဆန်ဈေးနှုန်းအနေဖြင့် ပဒေသာဆန်(အဟောင်း)(၂၄)ပြည် တစ်အိတ်လျှင် (၆၇၀၀ဝိ/-)ကျပ်၊ မနောသုခဆန်(အဟောင်း)(၂၄)ပြည် တစ်အိတ်လျှင်(၄၇၀၀ဝိ/-)ကျပ်ရှိပြီး ဆန်ဈေးကွက်အနေဖြင့် မန္တလေး၊ နွားထိုးကြီးနှင့် မြင်းခြံမြို့များသို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ်မိုးစပါးမှာ ယခင်မိုး စပါးထက် ကုန်ကျစရိတ်များသော်လည်း အထွက်နှုန်းအနေဖြင့် ပိုမိုထွက်ရှိနိုင်သောကြောင့် တောင်သူ များအတွက် တွက်ခြေကိုက်သည့်နှစ်ဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)

Local Trade News

Pages