ပဲတောင့်ရှည်သီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

Thu, 12/21/2023 - 03:42 -- mocadmin

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်တွင် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများစိုက်ပျိုးသည့် အပြင် မိသားစုအပိုဝင်ငွေရရှိရန်အတွက် စားဖိုဆောင်သီးနှံဖြစ်သည့် တိုင်ထောင် ပဲတောင့်ရှည်များ ကို တစ်နိုင်တစ်ပိုင် စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း၊ ပဲတောင့်ရှည် စိုက်ပျိုးရာ တွင် မျိုးအနေဖြင့် အစိမ်းနု ၊ အစိမ်းရင့် ၊ ကတ္တီပါအနီရောင် မျိုးများသာ အသုံးများကြောင်း၊ မျှားနီ တံဆိပ်မျိုး တစ်ဗူးလျှင် (၂၀,၀၀၀/-) ကျပ်ခန့် ပေးဝယ်ရကြောင်း၊ (၁) ဧက ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု ၊ လုပ်သားခ၊ စုစုပေါင်း (၃၀၀,၀၀ဝိ/-) ကျပ်ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် မြေအမျိုးအစားပေါ်မူတည်ပြီး (၁) ဧကလျှင် ပိဿာ (၃၅၀-၄၀၀) အထိ ထွက်ရှိကြောင်း၊ စျေးကွက်အနေဖြင့် ရာသီပေါ်စအချိန်တွင် ဖောက်သည်စျေး (၁) ပိဿာလျှင် (၁,၅၀ဝိ/-) ကျပ်၊ လက်လီစျေးနှုန်း (၁) ပိဿာလျှင် (၂,၀၀၀/-) ကျပ်ဖြင့် ရောင်းချရပြီး ယခုလှိုင်လှိုင် ထွက်ပေါ်ချိန်တွင် ဖောက်သည်စျေး (၁) ပိဿာလျှင် (၁၀၀ဝိ/-) ကျပ်၊ လက်လီစျေးနှုန်းအနေဖြင့် (၁) ပိဿာလျှင် (၁,၅၀၀/-)ကျပ်ခန့်ရရှိကာ တောင်သူအကျိုးအမြတ်အနေဖြင့် ကျပ်(၃၀၀,၀၀၀)ခန့် ရရှိသောကြောင့် စိုက်ပျိုးစရိတ်သက်သာပြီး အပိုဝင်ငွေလည်း ရရှိလျက်ရှိကြောင်း သိရသည်။

DOCA (မန္တလေး)

Local Trade News

Pages