ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဆီစက်လုပ်ငန်းရှင်များ တွေ့ဆုံ

Tue, 08/02/2022 - 06:28 -- admin_ygn

ပဲခူးတိုင်းဒေသကြီးအတွင်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုး တိုးတက်လာစေရေး၊  ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု ပိုမို တိုးတက်လာစေရေး၊  ပြည်ပမှ  စားသုံးဆီတင်သွင်းမှုများ လျှော့ချ၍ ပြည်တွင်း၌ စားသုံးဆီများ တိုးတက်ထုတ်လုပ်နိုင် ခြင်းအားဖြင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ရန်နှင့် ဆီထွက် သီးနှံ စိုက်ပျိုးသူ တောင်သူများ အကျိုးစီးပွားဖြစ်ထွန်းစေရေး၊ စားသုံးဆီကဏ္ဍဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ ပဲခူး တိုင်းဒေသကြီး အစိုးရအဖွဲ့၊  တော်ဝင်ဟံသာ အစည်းအဝေး ခန်းမ၌ ဇူလိုင် ၈ ရက်  နံနက်ပိုင်းက  ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်  ပဲခူးတိုင်းဒေသကြီးအတွင်းရှိ  ဆီစက်လုပ်ငန်းရှင်များ  တွေ့ဆုံဆွေးနွေးပွဲ  အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။    
အဆိုပါ  တွေ့ဆုံဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြီးခဲ့သည့်နှစ်အတွင်း ဆီထွက် သီးနှံနေကြာကို  ဧက ၈၀ဝ၀  ခန့်   စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်မှုများရရှိခဲ့ကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုအနေ ဖြင့်လည်း ခေတ်စနစ်ဖြင့်ကိုက်ညီသော ထုတ်လုပ်မှုစနစ်များ ဖြစ်ပေါ် လာစေရေး စီစဉ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊  နိုင်ငံတော်အနေဖြင့် ပြည်တွင်း၌ စားသုံးဆီဖူလုံမှု ရှိစေရေး အတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ရန် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း၌ စားသုံးဆီ  ပိုမိုထုတ်လုပ်နိုင်ရေး၊ ထုတ်လုပ်သည့် စားသုံးဆီများ ဈေး ကွက်ဝေစု ပိုမိုရရှိရေး၊  ပြည်တွင်း  ဆီစက်လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေး၊   အလုပ်အကိုင်  အခွင့်အလမ်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဆီထွက်သီးနှံကဏ္ဍ (ှကစစူပ  ဃ့ငေည) ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် နိုင်ငံခြားငွေ အသုံးပြုမှု လျော့နည်းသက်သာစေရေး စသည့် ရည်မှန်းချက်များထား ရှိကာ    အစီအမံများ   ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊  အခြေခံစားနပ်ရိက္ခာ  ဖူလုံမှုရှိစေရေးအတွက် မိမိတို့  တိုင်း ဒေသကြီးအတွင်း ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ များအား တိုးချဲ့စိုက်ပျိုးရန် စီစဉ်ထားပြီးဖြစ်ကြောင်း ၊ မိမိတို့ တိုင်းဒေသကြီးအတွင်း  ထွက်ရှိ သည့် ဆီထွက်သီးနှံများကို ကြိတ်ခွဲထုတ်လုပ်နိုင်ရေးအတွက် ဆီစက်လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့၏ဆီစက်များအား စက်စွမ်းအားပြည့် ကြိတ် ခွဲနိုင်ရန်အတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရန်နှင့် အခက် အခဲများအား   ပွင့်ပွင့်လင်းလင်းတင်ပြရန်   ပြောကြားခဲ့ သည်။     
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန  ပဲခူးတိုင်းဒေသ ကြီး ဦးစီးမှူးက ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု၊ တိုင်းဒေသ ကြီးအတွင်း ထွက်ရှိလာမည့်နေကြာသီးနှံများ ဈေးကွက်ရရှိ ရေးနှင့် ကြိတ်ခွဲထုတ်လုပ်နိုင်မည့် အခြေအနေများကိုလည်း ကောင်း၊ ထွက်ရှိလာမည့်  ဆီထွက်သီးနှံများမှ ဆီကြိတ်ခွဲထုတ် လုပ်ရာတွင် လိုအပ်လာနိုင်သည့် အဆင့်မြင့်စက်ကိရိယာ များ၏ ဈေးကွက်၊ ဈေးနှုန်းအခြေအနေများကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အလိုက် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေး နိုင်ခဲ့မှု အခြေအနေများကို ဏသတနမ ဏသငညအ ဖြင့် အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွား‌ ရေးရာဝန်ကြီးက ဖြည့်စွက်ရှင်းလင်းခဲ့သည်။
ထို့နောက်  ဆီစက်လုပ်ငန်းရှင်များက မိမိတို့အနေဖြင့် စက်များ အရည် အသွေး ပြည့်မီစေရေး၊ တောင်သူများအား ချေးငွေများထုတ်ချေးပေးမှုအပြင်မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးနိုင်စေရေး ၊ စိုက်ပျိုးသူတောင်သူများ ဆီထွက် သီးနှံ အလေအလွင့်လျော့နည်းစေရန် ရိတ်သိမ်း ချိန်လွန်နည်း ပညာ များနှင့် သက် ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ရန်၊ အခြောက်ခံစက်များ ဝယ်ယူရရှိပေးနိုင်ရေး၊ လျှပ်စစ်မီး ပြည့်ဝစွာရရှိရေး၊ ဘဏ်ချေးငွေများ ချေးငွေရရှိရေးတို့ကို အသီးသီး တင်ပြခဲ့ရာ သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူ ၁၀ ဦး၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆီစက်လုပ်ငန်းရှင် ၃၀ ဦး၊ စုစုပေါင်း ၄၀ ဦး တက်ရောက်ကြောင်း သိရှိရသည်။                                              
     ဝါဆို (ပဲခူး)

Local Trade News

Pages