ပန်းထိမ်မနိုင်ပန်းများ ဈေးကောင်းရနေ

Thu, 07/09/2020 - 08:53 -- admin_ygn

 

မွန်ပြည်နယ်ဈေးကွက်အတွင်း ပေါပေါများများ တွေ့ရှိ ရပြီး ဈေးကောင်းရသည့် ပန်းထိမ်ငို (ပန်းထိမ်မနိုင်)ပန်းမှာ စိုက်ပျိုးရန်လွယ်ကူသော ပန်းတစ်မျိုးဖြစ်ကြောင်း သိရှိရ သည်။ ခြောက်လက်မခန့် ရိုးတံများ၊ မျိုးဥများဖြင့် စိုက်ပျိုးပါက ရောင်းတန်းဝင်အပွင့်များ ရရှိနိုင်ကြောင်း၊ သားတက်များမှ တစ်ဆင့် မိုးရာသီတစ်လျှောက်လုံးအပွင်ထွက်ပြီး ပထမနှစ် တွင် အပွင့်သေးလေ့ရှိသော်လည်း နောက်နှစ်တွင် အပွင့်ကောင်း (လှ)ကြောင်း၊ စိုက်စံနစ်ပုံသေမရှိဘဲ စိုက်ပေါင်များ၊ အိုးများ၊ အထပ်ထပ် စင်များပြုလုပ်၍ စိုက်ပျိုးနိုင်ကြောင်း၊ အိုးများဖြင့် စိုက်ပျိုးထားပါက နောင်နှစ်မိုးရာသီတွင် သားတက်များ ပြန်ထွက်ကြောင်း သိရှိရသည်။
သဲနုန်းမြေကိုကြိုက်နှစ်သက်ပြီး မြေသြဇာအနည်းငယ် နှင့် သစ်ရွက်ခြောက်များ အထူးသဖြင့် မန်ကျည်းရွက်ခြောက် များကို နှစ်သက်ကြောင်း၊ အကြမ်းခံသောအပင်ဖြစ်ပြီး ပူအိုက် စွတ်စိုသော ရာသီဥတုကို နှစ်သက်သော်လည်း ရေဝပ်ခြင်းကို မကြိုက်ကြောင်း၊ ခရမ်းရောင်၊ ရိုးရိုးအဖြူရောင်၊ နှစ်ထပ် ပန်းထိန်မနိုင်ပန်းဟူ၍ သုံးမျိုးခွဲခြားနိုင်ကြောင်း၊ မော်လမြိုင် မြို့ပေါ်တွင် ပန်းထိန်ငို(ပန်းထိန်မနိုင်) ရာသီပန်း၏ ပေါ်ဦး ပေါ်ဖျားဈေးနှုန်းမှာ ၁၀ ပွင့်တစ်စည်း ကျပ် ၂၀ဝ၀ ဖြင့် ဈေး ကောင်းရကြောင်း ပန်းဈေးကွက်မှ သိရှိရသည်။

ဝင်းမြတ် (ရာမညကုန်သွယ်မှုဗဟိုဌာန)

Local Trade News

Pages