ထိုင်းငချိပ်(ခေါ်) ငချိပ်စပါး စိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရ

Fri, 12/22/2023 - 07:48 -- comsumer

       စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများတွင် ထိုင်းငချိပ်(ခေါ်) ရာသီစပါးဖြစ်သည့် ငချိပ်စပါးကို စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီး ကျေးရွာရှိ တောင်သူများသည်လည်း ငချိပ်စပါးကို စတင်၍ စမ်းသပ်စိုက်ပျိုးခဲ့ကြောင်း၊ ငချိပ်စပါးကို  ၂၀၂၃ ခုနှစ် မိုးစပါးရာသီချိန်ဖြစ်သည့် ဇူလိုင်လအတွင်း စတင်ပျိုးထောင်၍ ဩဂုတ်လအတွင်း၌ စိုက်ပျိုးရကြောင်း သိရသည်။

         စိုက်ပျိုးထွက်ရှိမှု ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ငချိပ်စပါးမျိုး၊ ထွန်ယက်ခ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ခြွေလှေ့ခ၊ သယ်ယူစရိတ်၊ လုပ်သားခအပါအဝင် စုစုပေါင်းကုန်ကျစရိတ် (၁၁၄၀၀၀ဝိ/-)ကျပ် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၇၀-၈၀) တင်း ထွက်ရှိပြီး စပါးဈေးနှုန်းအနေဖြင့် စပါးတင်း ၁၀၀ လျှင် ၃၈၀၀၀၀၀-၄၀၀၀၀၀၀ ကျပ်အထိ ဈေးနှုန်းရရှိကြောင်း၊ ငချိပ်စပါး စိုက်သည့် တောင်သူကို မေးမြန်းရာတွင် (၁)ဧကလျှင် (၇၀)တင်းမှ (၈၀)တင်းထွက်ရှိ ကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကအထွက်နှုန်း တင်း(၇၀)ဖြင့် တွက်ချက်ပါက (၂၆၆၀၀၀၀) ကျပ် ရရှိပြီး တစ်ဧကလျှင် (၁၅၂၀၀၀၀)ကျပ် အကျိုးအမြတ်ရရှိကြောင်း၊  ထိုင်းငချိပ်(ခေါ်)ငချိပ်စပါး သည် ပြည်တွင်းသာမက ပြည်ပနိုင်ငံများမှ ဝယ်ယူသည့်အတွက် ဈေးနှုန်း၊ ဈေးကွက်ကောင်းများ ရရှိပြီး ငချိပ်စပါးစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း) 

Local Trade News

Pages