တန်ဖိုးနည်းဆင်းကတ်များကြောင့် အွန်လိုင်းဈေးကွက်များ ပိုမိုခေတ်စားလာ

Thu, 01/08/2015 - 13:12 -- admin_ygn

   မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးစနစ် ထွန်းကားလာမှုနှင့်အတူ လူမှုကွန်ရက်နယ်ပယ်သည်လည်း၂၀၁၄ ခုနှစ်အတွင်း ကျယ်ပြန့်လျက်ရှိရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ ရောင်းချပေးနေသည့် တန်ဖိုးနည်းဖုန်းများနှင့်အတူ ပြည်ပမှရင်းနှီးမြှုပ်နှံလျက်ရှိသည့် ကုမ္ပဏီကြီးနှစ်ခုဖြစ်သည့် အော်ရီဒူးနှင့် တယ်လီနောတို့၏တန်ဖိုးနည်းဖုန်းများကြောင့် လူအများစုမှာ ဖုန်းကိုအသုံးပြု၍  ဈေးကွက်အတွင်းလှုပ်ရှားလျက်ရှိသည်ကိုတွေ့ရသည်။
  ၂၀၁၄  ခုနှစ် ဇူလိုင်လအတွင်း ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုသူ ခြောက်သိန်းခွဲခန့်သာရှိသော်လည်း တန်ဖိုးနည်းဖုန်းများထွက်ရှိလာပြီးနောက် ဖုန်းဖြင့် အင်တာနက်အသုံးပြုသူပေါင်းမှာ ရာခိုင်နှုန်း  ၁၅၀ ခန့် တိုးတက်လာခဲ့ကြောင်းသိရသည်။
  ယင်းကဲ့သို့ အင်တာနက်အသုံးပြုမှု မြင့်တက်လာသည်နှင့်အမျှ အွန်လိုင်းပေါ်တွင် ရောင်းဝယ်ဖောက်ကားသူများ များပြားလာသည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံတွင် အွန် လိုင်းဈေးများကို ကိုယ်ပိုင်ဝက်ဘ်ဆိုက်များဖန်တီးကာလုပ်ဆောင်လာကြသကဲ့သို့ Rocket Internetကဲ့သို့သောပြည်ပကုမ္ပဏီကြီးများကလည်းအရှိန် အဟုန်ကောင်းကောင်းဖြင့် လုပ်ဆောင်လာသည်ကိုတွေ့ရသည်။
   မြန်မာနိုင်ငံ အထူးသဖြင့် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့်နေပြည်တော်ရှိ လူငယ် အများစုမှာ လူမှုကွန်ရက်ဝက်ဘ်ဆိုက် (Facebook) မှတစ်ဆင့် ကုန်ပစ္စည်းများကို ရောင်းဝယ် လာကြကြောင်းသိရသည်။ အဆိုပါအွန်လိုင်းဈေးကွက်သည်အပြင် ဈေးကွက်ထက်ပင် လူအများစု၏ စိတ်ဝင်စားမှုအရှိဆုံးဟုပြောရမည်ဖြစ်သည်။
  ''မြန်မာနိုင်ငံမှာအွန်လိုင်းဈေးကွက်က တန်ဖိုးနည်းဖုန်းတွေချထားပေးပြီးတဲ့နောက် ပိုပြီးကျယ်ပြန့်လာပါတယ်။ လူတွေဟာ အချိန်ကုန်သက်သာပြီး မိမိကြိုက် နှစ်သက်တဲ့ ပစ္စည်းတွေကို အွန်လိုင်းပေါ်မှာ ဈေးသက်သက်သာသာနဲ့ ရှာဖွေနိုင်သလို ရောင်းသူတွေအနေနဲ့လည်း နေရာတစ်ခုအတွက် စိတ်ပူပန်စရာမလိုဘဲ အကန့်အသတ်မရှိ ရောင်း ဝယ်နိုင်ပါတယ်။ စွန့်ဦးတီထွင်စိတ်ရှိတဲ့သူတွေအတွက် အွန်လိုင်းဈေးကွက်ဟာ အလွန်အသုံးတည့်တဲ့နေရာတစ်နေရာပဲဖြစ်ပါတယ်''ဟု Ads.com.mm ၏ ဒေသဆိုင်ရာ မန်နေ ဂျာဖြစ်သူ မစ္စတာနီကိုပိုးမားက ပြောကြားခဲ့သည်။

မယ်သီတာ

 

Local Trade News

Pages