ဆောင်းနေကြာစိုက်ပျိုးမှုနှင့် စျေးနှုန်းစျေးကွက်အခြေအနေ

Tue, 03/19/2024 - 04:38 -- mocadmin

   မန္တလေးတိုင်း‌ဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နေကြာသီးနှံများကိုလည်း စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း၊ ဆောင်းနေကြာ စိုက်ပျိုးမှုအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ ကျောက်ဆည်မြို့နယ်တွင် ၁၀၂၆၆ ဧက၊ စဉ့်ကိုင်မြို့နယ်တွင် ၁၂၁၃၈ ဧက၊ မြစ်သားမြို့နယ်တွင် ၅၁၇၇ ဧက၊ စုစုပေါင်းစိုက်ပျိုးဧက ၂၇၅၈၁ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ကျောက်ဆည်မြို့နယ်တွင် ၂၄၉၃ ဧက၊ စဉ့်ကိုင်မြို့နယ်တွင် ၉၉၁၀ ဧက၊ မြစ်သားမြို့နယ်တွင် ၂၅၂၆ ဧက၊ စုစုပေါင်း ၁၄၉၂၉ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ အထွက်နှုန်းမှာ တစ်ဧကလျှင် ၂၈-၂၉ တင်း ထွက်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

   စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ် အနေဖြင့် တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ၂၇၀,၀၀၀ ကျပ်ခန့်ကုန်ကျပြီး ဈေးနှုန်းအနေဖြင့် နေကြာတစ်တင်းလျှင် ၃၅,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ နေကြာဆီ တစ်ပိဿာလျှင် ၁၄,၀၀၀ ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ဆောင်းနေကြာ တစ်ဧကလျှင် ၇၁၀,၀၀၀ ကျပ်ခန့်ရရှိကြောင်း နေကြာစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

DOCA (မန္တလေး)

Local Trade News

Pages