ဆိပ်ဖြူမြို့နယ်၌ မိုးကြက်သွန်နီ စိုက်ပျိုးတောင်သူများ အကျိုးအမြတ်များစွာ ရရှိနေ

Tue, 01/31/2023 - 05:09 -- comsumer

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ နိုဝင်ဘာလဆန်းမှစ၍ (ဥစိုက်)မိုး ကြက်သွန်နီများ စတင်တူးဖော်နေပြီဖြစ်ကြောင်း၊ နှစ်စဉ်စိုက်ဧက(၇၀၀)မှ(၁၀၀၀)ခန့် စိုက်ပျိုးကြောင်း၊ ယခုနှစ်တွင်စိုက်ဧက(၁၀၀၀)စိုက်ပျိုးထားပြီး တစ်ဧက ပျမ်းမျှပိဿာ(၃၀၀၀)မှ(၄၀၀၀)ထိ ထွက်ရှိကြောင်း၊ ကြက်သွန်နီသီးနှံကို ဒေသစီးပွားအဖြစ် အဓိကစိုက်ပျိုးသော ဆိပ်ဖြူမြို့၊ ရွာသစ်ရပ်ကွက်၌ မိုးကြက်သွန်နီစိုက်ဧက(၅၀)ခန့်စိုက်ပျိုးကြောင်း သိရသည်။ သီးနှံပေါ်စ(ဒီဇင်ဘာလ)တွင် ဒေသတွင်း ဈေးကွက်၌ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၂၉၅၀)မှ အနိမ့်ဈေး(၁၀၀၀)ပေါက်ဈေးရှိခဲ့ပြီး ဇန်နဝါရီ လဆန်းပိုင်းတွင် တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၂၃၀၀)မှ အနိမ့်ဈေး ကျပ်(၁၁၀၀)ပေါက်ဈေးရှိ ကြောင်း၊ ယခင်နှစ် မိုးကြက်သွန်နီပေါ်ချိန်တွင် တစ်ပိဿာလျှင် အမြင့်ဆုံးဈေး ကျပ်(၇၀၀/၆၀၀/ ၅၀၀)ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။ တစ်ဧက စုစုပေါင်းကုန်ကျစရိတ်အနေဖြင့် ကျပ်သိန်း(၂၅)မှ (၃၀)ထိ ကုန်ကျကြောင်း၊ ဒေသပေါက်ဈေးနှုန်း တစ်ပိဿာ ကျပ်(၂၁၀၀)ဖြင့် ရောင်းချခဲ့ရ၍ တစ်ဧက အထွက်နှုန်း ပိဿာ(၃၈၀၀)ဖြင့် တွက်ချက်ပါက တစ်ဧကဝင်ငွေ ကျပ်သိန်း(၈၀)ခန့်ရရှိပြီး အကျိုးအမြတ် ကျပ်သိန်း (၅၀) ခန့် ရရှိသဖြင့် ယခုနှစ်တွင် မိုးကြက်သွန်နီ ဈေးကောင်း၍ ကြက်သွန်နီစိုက်ပျိုး တောင်သူများ အကျိုးအမြတ်များစွာ ရရှိကြောင်း သိရသည်။

DOCA (မကွေး)