စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှု

Fri, 12/08/2023 - 05:02 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၏ ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များအနက် ကသာခရိုင် (အင်းတော်မြို့နယ်) နှင့် မုံရွာခရိုင်များတွင် စပါး၊ ဆန် အသစ်များ ပေါ်လာပြီး ကျန်ခရိုင်များတွင် ဈေးအေးနေကြောင်း သိရသည်။

   စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာလ(ပထမပတ်)တွင် ဖြစ်ပေါ်နေသော စပါး၊ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၃,၈၀၀,၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၂၅,၀၀၀ ကျပ်၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ် လျှင် ၁၄၅,၀၀၀ ကျပ်၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း (၁၀၀) လျှင် ကျပ် ၁,၈၀၀,၀၀၀၊ နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၃,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

   ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း(စပါး)တင်း ၁၀၀ လျှင်ကျပ် ၃,၈၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်)တစ်အိတ်လျှင် ကျပ် ၁၂၅,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ် ၁၄၅,၀၀၀ ကျပ်၊ နွေစပါး (ရွှေဝါထွန်း) စပါးတင်း (၁၀၀)လျှင် ကျပ် ၁,၈၀၀,၀၀၀၊ နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၃,၀၀၀ များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း ၁၀၀ လျှင် ၂,၈၀၀,၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၀၅,၀၀၀၊ ငစိန်(စပါး)တင်း ၁၀၀ လျှင် ၂၈၀၀,၀၀၀၊ ငစိန်(ဆန်) ၂၄ ပြည်ပါ တစ်အိတ်မှာ ၉၅,၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၂,၈၀၀,၀၀၀၊ ဧရာမင်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၁၀,၀၀၀၊ နွေစပါး (ဒေသမျိုး) (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၁၀၀,၀၀၀၊ နွေစပါး (ဒေသမျိုး) (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၅,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

   ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ (၃)(စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၁,၂၀၀,၀၀၀၊ ဆင်းဧကရီ - ၃ ဆန်(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၀,၀၀၀၊ ဆင်းဧကရီ (၃) (စပါး) (ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၁,၉၀၀,၀၀၀၊ ဆင်းဧကရီ-၃ဆန်(ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၉၀,၀၀၀ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၂,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀၊ နွေစပါး(ဆင်း-၃) (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁,၃၀၀,၀၀၀၊ နွေစပါး (ဆင်း-၃) (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၅,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

   မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း (စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၂,၀၀၀,၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၉၀,၀၀၀၊ ဧရာမင်း(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၅,၀၀၀၊ ပေါ်ဆန်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀၊ ပေါ်ဆန်း (စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၄,၅၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) (ဟောင်း) ၂၄ ပြည် ပါ တစ်အိတ်လျှင် ကျပ် ၁၆၀,၀၀၀၊ မနောသုခ(စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၁,၈၀၀,၀၀၀၊ မနောသုခ (ဆန်) (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၅,၀၀၀၊ မနောသုခ(စပါး)(ဟောင်း) တင်း ၁၀၀လျှင် ကျပ် ၂,၁၀၀,၀၀၀၊မနောသုခ(ဆန်)(ဟောင်း)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ တွင်    ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၂,၉၀၀,၀၀၀၊ ဧရာမင်း(ဆန်)၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၁၂၇,၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၃,၅၅၀,၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅,၀၀၀၊ နွေစပါး ရွှေဝါထွန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၆၅၀,၀၀၀၊ ရွှေဝါထွန်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

   စစ်ကိုင်းတိုင်းဒေသကြီးမှ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ရန်ကုန် သို့ အိတ်ရေ ၁၆,၅၀၀၊ မန္တလေးသို့ အိတ်ရေ ၂၂,၄၀၀၊ မကွေးသို့ အိတ်ရေ ၁,၃၀၀၊ နေပြည်တော်သို့ အိတ်ရေ ၅,၃၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၅,၃၀၀၊ ချင်းသို့ အိတ်ရေ ၂,၀၉၅၊ မွန်သို့ အိတ်ရေ ၃,၆၈၀ စုစုပေါင်း အိတ်ရေ (၅၆,၅၇၅) အိတ်၊ တန်အားဖြင့် (၂,၈၂၈) တန် စီးထွက်ခဲ့ပြီး ဒီဇင်ဘာလ (ပထမပတ်)တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန် သို့ အိတ်ရေ ၉,၅၀၀၊ မန္တလေးသို့ အိတ်ရေ ၁၄,၃၀၀၊ မကွေးသို့ အိတ်ရေ ၂,၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၂,၃၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂,၃၀၀၊ ချင်းသို့ အိတ်ရေ ၁,၆၂၇၊ မွန်သို့ အိတ်ရေ ၂,၆၁၀ စုစုပေါင်းအိတ်ရေ (၄၄,၆၇၉) အိတ်၊ တန်အားဖြင့် (၂၂,၃၃) တန် စီးထွက်ခဲ့ကြောင်း သိရသည်။

 DOCA (စစ်ကိုင်း)

Local Trade News

Pages