ဂန့်ဂေါမြို့နယ်တွင် ထောပတ်ပဲသီးနှံများ စိုက်ပျိုးပြီးစီး

Tue, 01/02/2024 - 03:52 -- mocadmin

    မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာများဖြစ်သော ကျွဲနန်း၊ လက်ပံ၊ တောင်လယ်၊ ရွှေတောင်၊ သာကောင်း၊ တောင်ယာပြင်၊ အင်တိုင်း၊ မောက်လင်း၊ မွှေ့လယ်၊ ဝယ်လှောင်၊ ထယ်လှောင်နှင့် မောက်ရွာစသည့်ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပြီး စားတော်ပဲ၊ နှမ်းမျိုးစုံ၊ ထောပတ်ပဲနှင့် အခြားပဲသီးနှံများကို စိုက်ပျိုးကြကြောင်း၊ မောက်ရွာတွင် ထောပတ်ပဲသီးနှံ စိုက်ပျိုးဧက (၁၂,၀၀၀) ကျော်ရှိ၍ ထောပတ်ပဲကို သီတင်းကျွတ်လကုန် တန်ဆောင်မုန်းလဆန်းပိုင်းတွင် ကြဲပက်စနစ်ဖြင့် သီးထပ်စိုက်ပျိုးကြကြောင်း၊ ထောပတ်ပဲသီးနှံ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း ကျပ် (၆) သိန်း ကုန်ကျကြောင်း၊ လက်ရှိအချိန်တွင် မောက်ရွာ၌ ထောပတ်ပဲသီးနှံများ စိုက်ပျိုးပြီးဖြစ်ကြောင်း ထောပတ်ပဲစိုက်တောင်သူ တစ်ဦးထံမှ သိရသည်။

DOCA (မကွေး)

Local Trade News

Pages