ကျောက်ဆည်ခရိုင်အတွင်း ငရုတ်သီးအမှည့်အစိုများ ဈေးကောင်းရ

Mon, 06/12/2023 - 03:41 -- comsumer

        မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ငရုတ်(မိုး)စိုက်ဧက စုစုပေါင်း(၈၄၉၇)ဧက စိုက်ပျိုးထားရှိပြီး (၅၀၂၄)ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ ငရုတ်သီးများစိုက်ပျိုးရာတွင် အရည်အသွေး ကောင်း၍ အထွက်နှုန်းကောင်းသော စကာတာ မျိုး၊ 692 မျိုးနှင့်တိုးတိုးအောင် ငရုတ်မျိုးကိုသာ ရွေးချယ်စိုက်ပျိုးကြကြောင်း ၊ ငရုတ်သီးနှံကို ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် စတင်စိုက်ပျိုးကြ ကြောင်း၊ စိုက်ပျိုးရာတွင် ငရုတ်သီးမျိုးစေ့များကို ပျိုးထောင်ပြီး ရက်ပေါင်း(၄၅)ရက်ခန့်အကြာတွင် လယ်မြေနှင့်ယာမြေများတွင် ရွှေ့ပြောင်းစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး(၃)လခန့်အကြာတွင် စတင် ခူးဆွတ်ရကြောင်း၊ (၁)ဧက ကုန်ကျ စရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခ စုစုပေါင်း(၁၀) သိန်းကျပ်ခန့်ကုန်ကြကြောင်း၊ အထွက်နှုန်းအနေဖြင့် ငရုတ်အမှည့်(အစို) တင်း(၂၀၀)ခန့် ပိဿာအနေ ဖြင့် (၁၀၀၀)ပိဿာခန့် ထွက်ရှိကြောင်း၊ ငရုတ်သီးအမှည့်(အခြောက်)အနေဖြင့် တင်း(၈၀)ခန့် ထွက်ရှိ ကြောင်း သိရသည်။ ငရုတ်သီးဈေးနှုန်းအနေဖြင့် ငရုတ်သီးအမှည့်(အစို) (၁)ပိဿာလျှင် (၈၅၀၀-၁၀၀၀၀)ကျပ် ဈေးနှုန်းများဖြင့်ရောင်းဝယ်လျက်ရှိကြောင်း  ယခုအချိန်တွင် ငရုတ်သီးများ လှိုင်လှိုင် ထွက်ရှိနေပြီး ငရုတ်ပွဲစားများမှ ငရုတ်သီးအမှည့်(အစို)များကိုသာ အဓိကထား ဝယ်ယူကြသည့် အတွက် ငရုတ်စိုက်တောင်သူများ ဈေးကောင်းများရရှိကာ အကျိုးအမြတ်များစွာရရှိကြောင်း သိရသည်။

Local Trade News

Pages