ကလေးခရိုင်၊ မင်းကင်းမြို့၊ ပသေးကျေးရွာ စာသင်ကျောင်းတွင် စားသုံးသူအကာကွယ်ပေးရေးပညာပေးဟောပြောပွဲကျင်းပ

Thu, 01/08/2015 - 12:59 -- admin_ygn

   စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စားသုံးသူပြည်သူများကို စားသုံးသူအကာအကွယ်ပေးရေး ဥပဒေနှင့်အညီ အကာအကွယ်ပေးရန် စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဌာနမှဝန်ထမ်းများ ဟာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့ နံနက် ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင် မင်းကင်းမြို့၊ ပသေးကျေးရွာအုပ်စု၊ အခြေခံပညာ အထက်တန်းကျောင်းသို့သွားရောက်ပြီး စားသုံး သူအကာအကွယ်ပေးရေး ပညာပေးဆွေးနွေးပွဲကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။
  ဟောပြောပွဲ အခမ်းအနားကို ကလေးခရိုင် မင်းကင်းမြို့၊ ပသေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနဲ့ ဆရာ၊ ဆရာမများ၊ ကျောင်း သား၊ ကျောင်းသူများ၊ ကျောင်းဈေးသည်များ စုစုပေါင်း ၁၇၀ဦးတက်ရောက်ခဲ့ပါတယ်။ အဆိုပါဟောပြောပွဲအခမ်းအနားမှာ စစ်ကိုင်းတိုင်းဒေသကြီး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးသောင်းကြိုင်က စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပါသိကောင်းစရာများအကြောင်း၊ စားသုံးသူများရဲ့ အခွင့်အရေးနဲ့ တာဝန်၊ စီးပွားရေးလုပ်ငန်းရှင်များရဲ့ အခွင့်အရေးနဲ့တာဝန်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ဒု-ဦးစီးမှူး ဦးသန်းထွန်းက အန္တရာယ်ရှိ စားသောက်ကုန်များကြောင့် စားသုံးသူ များ ဒုက္ခရောက်ကြရပုံများကို ရှင်းလင်းပြောကြားသွားပါတယ်။
   ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်နှင်းနှင်းခိုင်က အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်းယာများရဲ့ နောက်ဆက် တွဲ ဖြစ်ပေါ် လာမည့် ဆိုးကျိုးများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အကြီးတန်းစာရေး ဒေါ်ကေသီအောင်ကလည်း အသင့်စားအစားအစာနဲ့ မုန့်မျိုးစုံတို့ရဲ့ အန္တရာယ်များအကြောင်း၊ ဟင်းချိုမှုန့် စားသုံးခြင်းကြောင့် ကျန်းမာရေးထိခိုက်ခဲ့ပုံများကို ပညာပေးဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော ဆရာ၊ ဆရာမများ နဲ့ ကျောင်းသား၊ ကျောင်းသူ များကို စားသုံးသူအကာအကွယ်ပေးရေးနဲ့ ပတ်သက်သည့် ပိုစတာများ၊ လက်ကမ်းစာစောင်များပေးဝေခဲ့တယ်လို့သတင်းရရှိပါတယ်။

ကေသီအောင် (စစ်ကိုင်း)
 

Local Trade News

Pages