ကယားပြည်နယ် နေကြာသီးနှံ စိုက်ပျိုးတောင်သူများ အကျိုးအမြတ်ရရှိ

Fri, 01/27/2023 - 07:25 -- comsumer

      ကယားပြည်နယ်တွင် မိုးနေကြာနှင့် ဆောင်းနေကြာဟူ၍ စိုက်ပျိုးကြပြီး စားသုံးဆီဖူလုံရန် အတွက် ဆီထွက်သီးနှံဖြစ်သော မြေပဲနှင့်နှမ်းများကို စိုက်ပျိုးကြသည့်အပြင် နေကြာသီးနှံများကိုပါ စိုက်ပျိုးလာကြကြောင်း သိရသည်။ နေကြာသီးနှံ မျိုးစေ့များဖြစ်သော ရေဆင်းစပ်မျိုးနေကြာနှင့် ဆင်းရွှေကြာ-၂ များကို စိုက်ပျိုးကြကြောင်း၊          ၂၀၂၂-၂၀၂၃ ခုနှစ်၊ ကယားပြည်နယ်တွင် မိုးနေကြာ စိုက် ဧက(၉၄၄)ရှိပြီး ရိတ်သိမ်းဧက(၉၄၄)ရိတ်သိမ်းနိုင်ခဲ့ကြောင်း၊ ဆောင်းနေကြာများကို လွိုင်ကော်ခရိုင် တွင် စိုက်ဧက(၂၇၅၉)ဧကခန့်၊  ဘောလခဲခရိုင်တွင်(၈၅၃)ဧကခန့်စိုက်ပျိုးခဲ့ပြီး ဘောလခဲခရိုင်တွင် ၁၅ ဧကခန့် စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။ နေကြာစိုက်ပျိုးထုတ်လုပ်မှုနှင့် နေကြာဆီ စိုက်ပျိုးထုတ်လုပ်နိုင်ရန် တိုးချဲ့စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိလာသောနေကြာစေ့များကို ဒေသတွင်း ကြိတ်ခွဲရောင်းချလျက်ရှိကြောင်း၊ နေကြာဆီ ကြိတ်ခွဲထုတ်လုပ်ရာတွင် နေကြာတစ်တင်းလျှင် နေကြာဆီ ၂ ပိဿာ ၅၀ ကျပ်သားခန့် ထွက်ရှိပြီး တစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၀ ဖြင့် ဒေသတွင်းရောင်းချလျက် ရှိကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် တင်း(၃၁)ခန့် ထွက်ရှိပြီး စုစုပေါင်းကုန်ကျစရိတ်ကျပ် (၃) သိန်းခန့်ကုန်ကျကြောင်း၊ နေကြာစေ့(၁)တင်းလျှင် ကျပ်(၂၇၀၀၀)ပေါက်ဈေးရှိရာ ဝင်ငွေအားဖြင့် ကျပ် ၈၃၇၀၀၀ ရရှိပြီး တစ်ဧက အကျိုးအမြတ် ကျပ် ၅၃၇၀၀၀ ရရှိကြောင်း သိရသည်။

DOCA (ကယား)