FAO က စပါးသိုလှောင်လက်ကျန်များဆိုင်ရာ ခန့်မှန်းချက်ကို လျော့ချခန့်မှန်းထား

Tue, 12/13/2022 - 05:03 -- wtodep

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) သည် မကြာသေးမီက လေ့လာသုံးသပ်ထားသည့် ၎င်း၏ သီးနှံထောက်ပံ့မှုနှင့် ဝယ်လိုအားဆိုင်ရာအကျဉ်းချုပ်သုံးသပ်ချက်အရ ကမ္ဘာလုံးဆိုင်ရာ ကောက်ပဲသီးနှံများ၏ သိုလှောင်လက်ကျန်များ ထပ်မံကျဆင်းလာ နိုင်သည်ဟု ခန့်မှန်းထားကြောင်းကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ခန့်မှန်းချက်အရ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ကောက်ပဲသီးနှံသိုလှာင်လက်ကျန် တန်ချိန် ၁.၁ သန်း ကျဆင်းခဲ့ရာ ယခင်နှစ်ကထက် ၂.၂ % (တန်ချိန်အားဖြင့် ၁၈.၅ သန်း) ကျဆင်းခဲ့ပြီး ယင်းပမာဏသည် သုံးနှစ်တာကာလအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

အဆိုပါအနေအထားတွင် ကမ္ဘာလုံးဆိုင်ရာ သီးနှံစတော့များသုံစွဲမှုအချိုးသည် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ၃၀.၉ % ကျဆင်းခဲ့ပြီး ၂၀၂၂ - ၂၀၂၃ ခုနှစ်တွင် ၂၉.၃ %  လျော့ကျသွားနိုင်ကြောင်း သုံးသပ်ထားပါသည်။ ဤပမာဏသည် ၂၀၁၃ - ၂၀၁၄ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး ကျဆင်းခဲ့မှုအဖြစ် ယူဆရသော်လည်း ကမ္ဘာလုံးဆိုင်ရာ ကောက်ပဲသီးနှံထောက်ပံ့မှုအတွက် အတန်ပင် အဆင်ပြေသည့် အခြေအနေကို ကိုယ်စားပြုဆဲဖြစ်ပါသည်။

ပြီးခဲ့သည့် သုံးနှစ်တာ ကာလအတွင်း ကမ္ဘာ့သီးနှံ ထုတ်လုပ်မှုသည် တစ်နှစ်လျှင် ပျမ်းမျှတန်ချိန် ၅၆ သန်းခန့်တိုးတက်ခဲ့ကြောင်း၊ လက်ရှိ ၂၀၂၂ ခုနှစ်အတွင်း၌မူ  ကမ္ဘာ့ကောက်ပဲသီးနှံ ထုတ်လုပ်မှုနှင့်ပတ်သက်၍ တစ်နှစ် ထက်တစ်နှစ် ထုတ်လုပ်မှုတန်ချိန် ၂ %  (၅၇ သန်း) ခန့် လျော့ကျသွားနိုင်ကြောင်း၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က သုံးသပ်ထားပါသည်။

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၏ လတ်တလော လျော့ချခန့်မှန်းထားသည့် ကောက်ပဲသီးနှံများတွင် အဓိက အားဖြင့် ပြောင်းနှင့် ဂျုံတို့ပါဝင်ပါသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကမ္ဘာ့ကောက်ပဲသီးနှံသုံးစွဲမှုမှာ တန်ချိန်သန်းထောင်ပေါင်း ၂.၇၇၇ သန်းရှိကြောင်း FAO ၏ ခန့်မှန်းချက်အရ သိရပါသည်။ အဆိုပါပမာဏသည် ယခင် နိုဝင်ဘာလအတွက် ခန့်မှန်း ချက်နှင့် များစွာမကွာခြားသော်လည်း ၂၀၂၁-၂၀၂၂ ခုနှစ်မှ ပမာဏထက် ၀.၇ % (တန်ချိန် သန်းပေါင်း ၂၁ သန်း) ခန့် ကျဆင်းသွားသည်ကို သုံးသပ်ထားပါသည်။

၂၀၂၂-၂၀၂၃ ခုနှစ်တွင် အခြားသော ကောက်ပဲသီးနှံများ သုံးစွဲမှုခန့်မှန်းချက်နှင့်ပတ်သက်၍ အကြမ်းဖျဉ်းအားဖြင့် တန်ချိန် ၁.၂ သန်းသို့ လျော့ချခဲ့ရာပြီးခဲ့သည့် နိုဝင်ဘာလအတွက် ခန့်မှန်းခဲ့သော ပမာဏထက် ၁.၃ % လျော့နည်းပါသည်။ အထူးသဖြင့် ပြောင်း၊ မုယောစပါးနှင့် ဆန်စပါးသီးနှံတို့အပြင် စက်မှုလုပ်ငန်းသုံး ပြောင်းအသုံးပြုမှုတွင်လည်း မျှော်မှန်းထားသည့်အတိုင်း လျော့ကျသွားခြင်းကြောင့် ယခုကဲ့သို့ ခန့်မှန်းလျာထားချက် ကျဆင်းသွားခြင်းဖြစ်ပါသည်။

၂၀၂၂- ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့စားနပ်ရိက္ခာကုန်သွယ်မှုသည် တန်ချိန် ၄၇၂ သန်းရှိနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ယင်းပမာဏသည် ပြီးခဲ့သည့် နိုဝင်ဘာလကထက် တန်ချိန် ၂.၇ သန်း တိုးလာသော်လည်း ယခင် ၂၀၂၁-၂၀၂၂ ခုနှစ်က တင်ပို့မှုလျော့ကျခြင်း စံချိန်တင်ထားခဲ့သည့် အနေအထားမှ ၁.၉ % (တန်ချိန် ၉.၂ သန်း) ခန့် လျော့ကျနိုင်ချေရှိမည်ဖြစ်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က သုံးသပ်ထားပါသည်။

ရင်းမြစ်။ https://www.world-grain.com

International Trade News

Pages