၂၀၂၃ ခုနှစ်တွင် ကိုရီးယားလုပ်သားများ၏ ၅၀ ရာခိုင်နှုန်းကျော်သည် အသက် ၅၀ ကျော်အရွယ်များ ဖြစ်လာနိုင်

Tue, 12/23/2014 - 10:10 -- admin_ygn

   ကိုရီးယား အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာန၏ ဒီဇင်ဘာလ ၂ ရက်နေ့ထုတ် "2013-2023 Long-term Workforce Supply Outlook" စစ်တမ်းအရ ၂၀၂၃ ခုနှစ် အရောက်တွင် စီးပွားရေးလုပ်ငန်းများ၌ ဝင်ရောက်လုပ်ကိုင်နေကြမည့်ကိုရီးယားလူမျိုးများ (economically  active  population) ၏ ထက်ဝက်ကျော်သည် အသက် ၅၀ ကျော် အရွယ်များဖြစ်လိမ့်မည်ဟုဆိုသည်။ ယင်းစစ်တမ်းတွင် ၂၀၂၃ ခုနှစ်၌ ကိုရီးယားလုပ်သားအင်အား ၃ ဒသမ ၂၂ သန်းဖြစ်လာ၍ ၂၀၁၃ ခုနှစ်က အသက် ၁၅ နှစ်မှ ၆၄ နှစ်ကြား လုပ်သားအင်အားသည် ၆၄ ရာခိုင်နှုန်းသာရှိ နေခဲ့ရာမှ ၂၀၂၃ ခုနှစ်အရောက်တွင် ၇၁ ဒသမ ၈ ရာခိုင်နှုန်းထိ တိုးလာမည်ဟုဖော်ပြထားသည်။
   ၂၀၁၃ ခုနှစ်၌ရှိခဲ့သော အသက် ၅၀ နှစ်အတွင်းရှိ လုပ်သားများ ၁၆ ဒသမ ၂၃ သန်း (၃၈ ဒသမ ၆ ရာခိုင် နှုန်း)သည် ၂၀၂၃ ခုနှစ် အရောက်တွင် ၂၁ ဒသမ ၈၂ သန်း (၄၉ ဒသမ ၅ ရာခိုင်နှုန်း) ရှိသွားမည်ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် အသက် ၅၀ နှစ်အောက် လုပ်သားများအရေ အတွက်သည် ၂၅ ဒသမ ၈၆ သန်းရှိ နေခဲ့ရာမှ ၃ ဒသမ ၅၄ သန်းလျော့နည်း၍ ၂၂ ဒသမ ၃၂ သန်းသာရှိတော့မည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းကဏ္ဍအလိုက်ကြည့်လျှင် လူမှုဖူလုံရေးလုပ်ငန်းတွင် ၇၃၈,၀၀၀ဦး၊ စီးပွားရေး ဝန်ဆောင်မှု လုပ်ငန်းတွင် ၃၇၈,၀၀၀ဦး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွင် ၃၅၅,၀၀၀ဦး၊ စိုက်ပျိုးရေးလုပ်ငန်းတွင် ၁၃၈,၀၀၀ဦး၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွင် ၅၆,၀၀၀ဦး၊ ဘဏ္ဍာရေးလုပ်ငန်းတွင် ၄၀,၀၀၀ဦး၊ ခန့်သာရှိတော့မည်လည်း ဖြစ်သည်။ အလုပ်အမျိုးအစားလိုက်အနေဖြင့် စီမံခန့်ခွဲမှုဝန်ထမ်း ၈၀,၀၀၀ဦး၊ ကျန်းမာရေးစောင့်ရှောက်မှု ဝန် ထမ်း ၇၆,၀၀၀ ဦး၊ စာရင်းအင်းဝန်ထမ်း ၇၅,၀၀၀ ဦး တိုးလာမည်ဖြစ်ပြီး ဘာသာရပ်သင်ဆရာများ ၂၂,၀၀၀ ဦး ခန့် ၂၀၂၃ ခုနှစ် အရောက်တွင်လျော့ကျသွားမည်ဖြစ်သည်။

သန့်ဇင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဆိုးလ်မြို့

 

International Trade News

Pages