၂၀၁၆ ခုနှစ် လာအိုနိုင်ငံက အာဆီယံဥက္ကဋ္ဌတာဝန်ယူမည်

Fri, 01/16/2015 - 13:22 -- admin_ygn

   ၂၀၁၆ ခုနှစ်မှာ လာအိုနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီလို တာဝန်ယူဆောင်ရွက်တဲ့အခါ  ထိုနှစ်အတွင်းကျင်းပမယ့် အာဆီယံနဲ့အရှေ့ အာရှ ထိပ်သီးဆွေးနွေးပွဲတွေကို အိမ်ရှင်အဖြစ်လက်ခံကျင်းပရမှာဖြစ်တဲ့အတွက် လာအိုနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာကိုယ်စားလှယ် အမြောက်အမြားလာရောက်ကြ မှာဖြစ်ကြောင်း နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။
    ၂၀၁၅ ခုနှစ်  အာဆီယံဥက္ကဋ္ဌ တာဝန်ကိုဆောင်ရွက်ဖို့အတွက် မလေးရှားနိုင်ငံက  မြန်မာနိုင်ငံထံမှ တာဝန်လွှဲပြောင်းလက်ခံခဲ့ပါတယ်။ လာအိုနိုင်ငံအနေနဲ့ ဥက္ကဋ္ဌတာဝန်ယူ ဖို့    ပြင်ဆင်ရာမှာ  အမေရိကန်ပြည်ထောင်စုနဲ့ ဘရူနိုင်းနိုင်ငံတို့က  အင်္ဂလိပ်ဘာသာစကား လေ့ကျင့်ရေးသင်တန်းတွေပေးဖို့ တာဝန်ယူကြမှာဖြစ်ပါတယ်။
   တိုးချဲ့အစီအစဉ်များအရ နောက်ထပ်ပြီး English Language Fellows အစီအစဉ်နှစ်ခုကို ဆောင်ရွက်မှာဖြစ်ပြီးတစ်ခုကို အမေရိကန်ပြည်ထောင်စုနဲ့ ကျန်တစ်ခုကို  ဘရူနိုင်းနိုင်ငံတို့က တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ လာအိုနိုင်ငံက လုံခြုံရေးနဲ့ဆက်ဆံရေးအရာရှိ ၁၅၀ နဲ့ ၂၀၀ အကြားကို ၁၀ လကြာသင်တန်းပေးဖို့အတွက်  ဇန်နဝါရီလဆန်းပိုင်းမှ စတင်ရောက်ရှိ ကြမှာဖြစ်ပါတယ်။
    လာအိုလုံခြုံရေးနဲ့  ဆက်ဆံရေးအရာရှိတွေကို   တခြားနိုင်ငံတွေက အရာရှိတွေနဲ့ဆက်ဆံရာမှာ အင်္ဂလိပ်ဘာသာစကားကိုအသုံးပြုပြီး ထိထိရောက်ရောက်ဆက်သွယ်နိုင်ဖို့ အတွက် English Language Fellows သင်တန်းက အထောက်အကူပေးမှာဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအချင်းချင်းဆက်ဆံရာမှာ အဓိက ဘာသာစကားတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းပိုင်းဆိုင်ရာတာဝန်တွေကို အောင်မြင်စွာထမ်းဆောင်နိုင်ဖို့နဲ့ အာဆီယံဥက္ကဋ္ဌ တာဝန်အောင်မြင်စွာထမ်းဆောင်နိုင်ဖို့ အတွက် အစိုးရအရာရှိများအတွက် အင်္ဂလိပ်ဘာသာစကားက အဓိကကျ တဲ့ဘာသာစကားဖြစ်ပါတယ်။

ဉာဏ်တင်

International Trade News

Pages