၂၀၁၅ ခုနှစ်တွင် တောင်ကိုရီးယား၌ အစိုးရဝန်ထမ်း အသစ်များ ခန့်အပ်မည်ဖြစ်

Tue, 01/06/2015 - 13:47 -- admin_ygn

   ၂၀၁၅ ခုနှစ်အတွင်း တောင်ကိုရီးယားအစိုးရကော်ပိုရေးရှင်းများက  အစိုးရဝန်ထမ်းသစ် ၁၇,၁၈၇ ဦးခန့်အပ်သွားမည်ဖြစ်ကြောင်း၊ ယင်းအရေအတွက်သည် ယခုနှစ်အတွင်း ခန့်အပ်ခဲ့သည့် အရေအတွက်ထက် ၂ ဒသမ ၉ ရာခိုင်နှုန်းပိုများကြောင်း၊ ကိုရီးယားစီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးပါသော အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးကို ရည်ရွယ်ကြောင်း ကိုရီးယားအစိုးရက ဒီဇင်ဘာလ ၂၆ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။
   တောင်ကိုရီးယားအစိုးရပိုင်လုပ်ငန်းပေါင်း ၃၀၂ ခုနှင့် အစိုးရ/ပုဂ္ဂလိကဖက်စပ်အေဂျင်စီများက ယင်းဝန်ထမ်းများအားခန့်အပ်သွားမည်ဖြစ်သည်။ အစိုးရပိုင်လုပ်ငန်းများနှင့်  ဖက်စပ်အေဂျင်စီများသည် ၂၀၁၁ ခုနှစ်ပြီးကတည်းက  ပိုမိုတိုးတက်ဖွံ့ဖြိုးလာကြခြင်းဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

သန့်ဇင်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဆိုးလ်မြို့

 

International Trade News

Pages