၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ရေနံစိမ်းဈေးနှုန်းကျ

Fri, 01/16/2015 - 13:30 -- admin_ygn

   ယခုနှစ်မှာရေနံစိမ်းတွေ အလျှံအပယ်ပေါများလာလိမ့်မယ်ဆိုတဲ့ အထောက်အထားတွေ  တွေ့နေရတဲ့အတွက် အမေရိကန် ရေနံစိမ်းဈေးနှုန်းတွေက ဇန်နဝါရီ ၅ ရက်မှာ တစ်စည်ကိုဒေါ်လာ ၅၀အထိကျဆင်းခဲ့ကြောင်း၊ ယခုလိုဈေးနှုန်းကျဆင်းတာက ၂၀၀၉ ခုနှစ် ဧပြီနောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်ကြောင်း ဂျာကာတာပို့စ်သတင်းမှာ ဖော်ပြပါ တယ်။
   အမေရိကန်ရေနံစိမ်းရဲ့ အခြေခံစံဈေးနှုန်းက တစ်စည်ကို ၅၀ ဒသမ ၀၄ ဒေါ်လာရှိခဲ့ရာမှ ၂ ဒသမ ၆၅ ဒေါ်လာ သို့မဟုတ် ၅ ရာခိုင်နှုန်းကျဆင်းပြီး တစ်စည်ကို ၄၉ ဒသမ ၇၇ ဒေါ်လာနှုန်းထိကျဆင်းခဲ့ပါတယ်။ အမေရိကန်ရေနံချက်စက်ရုံတွေရဲ့ ရေနံစိမ်းဈေးနှုန်း သတ်မှတ်ရာမှာအခြေခံစံအဖြစ်ထားတဲ့ ဘရင့်ရေနံစိမ်းဈေးနှုန်းက ၃ ဒသမ ၃၁ ဒေါ်လာသို့မဟုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းပြီး တစ်စည်ကို ၅၃ ဒသမ ၁၁ ဒေါ်လာနှုန်းရှိခဲ့ပါတယ်။
   ၂၀၁၄ ခုနှစ် ဇွန်က ရေနံတစ် စည်ကို ၁၀၇ ဒေါ်လာနှုန်းရှိခဲ့ပါတယ်။ အမေရိကန်အပါအဝင် အိုပက်ပြင်ပရေနံတွင်းတွေ က ထုတ်လုပ်မှုမြင့်တက်လာတာကြောင့် ရေနံရောင်း လိုအားကို မြင့်တက်စေခဲ့ပါတယ်။ ဒါပေမဲ့ကမ္ဘာ့စီးပွားရေးကျဆင်းမှုကြောင့် ရေနံဝယ်လိုအားကျဆင်းနေတဲ့အချိန်ဖြစ်နေပါတယ်။ ရေနံထုတ်လုပ်မှုကိုလက်ရှိအတိုင်း ဆက်လက် ထုတ်လုပ်သွားဖို့ နိုဝင်ဘာလအတွင်းက အိုပက်ရဲ့ ဆုံးဖြတ်ချက်ကလည်း ရေနံဈေးနှုန်းကျဆင်းမှုအရှိန်ကိုမြင့်မားစေခဲ့ပါတယ်။
  မကြာသေးမီနှစ်များအတွင်းက  ရေနံဝယ်လိုအားအတွက် အဓိကမောင်းနှင်အားဖြစ်ခဲ့တဲ့ တရုတ်စီးပွားရေးဖွံ့ဖြိုးနှုန်းနှေးကွးမှုနဲ့ တခြားငွေကြေးကိုင်ဆောင်သူတွေ အတွက် ရေနံစိမ်းဈေးနှုန်းကို ပိုမိုမြင့်မားလာအောင်ဖန်တီးနေတဲ့ အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်မှုဆိုတဲ့ အကြောင်းတရားတွေက ရေနံစိမ်းဈေးနှုန်းကျဆင်းအောင် ဖန်တီးပေးလျက်ရှိနေပါတယ်။

ဉာဏ်တင်

International Trade News

Pages