အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးတွင် ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများကို လျှော့ချနိုင်ရန် တောင်ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ဆွေးနွေး

Tue, 03/08/2016 - 09:13 -- admin_ygn

တောင်ကိုရီးယားနိုင်ငံသည် အရှေ့အာရှဒေသ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးနှင့် ပတ်သက် သည့် အပြည်ပြည်ဆိုင်ရာ ဖိုရမ်တစ်ခု အား ဆိုးလ်မြို့ရှိ  COEX Convention and Exhibition Centre တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး အီလက်ထရောနစ်ကူးသန်း ရောင်းဝယ်ရေးတွင် အတားအဆီးများလျှော့ချနိုင်ရေးနှင့်  ဒေသတွင်းတစ်ခု တည်းသောဈေးကွက် ဖြစ်ပေါ်လာရေး တို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။ အီလက်ထရောနစ် ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ် မှုမြှင့်တင်ရေးအဖွဲ့အစည်းဖြစ် သည့်Korean Institute for Electronic Trade and Commerce Promotion (KIE TaC)  သည် တရုတ် နှင့် နှစ်နိုင်ငံဆွေးနွေးခဲ့ကြသည့် ဖိုရမ် တစ်ခုကို ပြုလုပ်ခဲ့ပြီး အကောက်ခွန်နှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များကို ပိုမိုလွယ်ကူချောမွေ့စေ ရေး   မည်သို့ဆောင်ရွက်နိုင်မည်ကို အကြံÓဏ်များ ဖလှယ်ခဲ့ကြသည်။
အဆိုပါဖိုရမ်ကို တစ်ခုတည်း သောဒစ်ဂျစ်တယ်ဈေးကွက်တည် ဆောက်ခြင်းအားဖြင့်    ဒေသတွင်း အီလက်ထရောနစ်ကူးသန်းရောင်းဝယ်  ရေးကိုမြှင့်တင်ဆောင်ရွက်ရန် အတွက်သမ္မတ ပတ်ဂွင်ဟီးနှင့် တရုတ်၊ ဂျပန် တို့မှ  ထိပ်တန်းအရာရှိကြီးများ သဘောတူညီပြီးသည့်နောက် နှစ်လ အကြာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါ  သုံးပွင့် ဆိုင်ထိပ်သီးအစည်း အဝေးကို   ဆိုးလ်မြို့၌ပြီးခဲ့သည့် နိုဝင် ဘာလက     ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါဖိုရမ်သည်  သဘောတူညီချက် များ အမြန်ဆုံးပြီးမြောက်စေမည့်  နည်း လမ်းများကို   လမ်းပြဆောင်ရွက်ပေး နိုင်မည်ဖြစ်ပြီး    ကိုရီးယားနိုင်ငံသည် အီလက်ထရောနစ်    ကူးသန်းရောင်း ဝယ်ရေးကို မြှင့်တင်ရာတွင် ဦးဆောင် နိုင်သည့်      အနေအထားရှိသည်ကို လည်း    အသိအမှတ်ပြုနိုင်ခဲ့သည်။ ဒေသတွင်း   အီလက်ထရောနစ်ကုန် သွယ်မှုမှတစ်ဆင့် ဖြစ်လာသည့် ကြီး မားသည့် ဈေးကွက်နှင့် ပတ်သက်၍ စီးပွားရေးဆိုင်ရာ သက်ရောက်မှုများ ကိုလည်း ကြိုတင်မျှော်လင့်ထားရမည် ဖြစ်သည်။တောင်ကိုရီးယားနိုင်ငံ အနေဖြင့် အီလက်ထရောနစ်ကူးသန်းရောင်းဝယ် ရေးတွင်  တရုတ်နိုင်ငံနှင့် ကောင်းစွာ ကူးလူးဆက်သွယ်လျက်ရှိပြီး      တရုတ် ပြည်မှ စားသုံးသူများသည် အချိန်တို အတွင်း ကိုရီးယားနိုင်ငံထုတ်ပစ္စည်းများ ကိုအွန်လိုင်း မှတစ်ဆင့်မှာယူနိုင်၍ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုများကိုပါ ဆောင်ရွက်ပေး လျက်ရှိပါသည်။   တရုတ်နိုင်ငံအနေဖြင့် လည်း ကွန်ပျူတာ၊  မိုဘိုင်းလ် ဖုန်းကဲ့သို့ သော     ပစ္စည်းများအတွက်လည်း ရောင်းချမှုကွန်ရက်များကို   ကိုရီးယား နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းများကို အရှိန်မြှင့် တင်ရန် ဆောင်ရွက်လျက်ရှိသည်။

ခင်မျိုးသော်၊ စီးပွားရေးသံမှူး

 

International Trade News

Pages