အိုအီးစီဒီက တောင်ကိုရီးယား စီးပွားရေးတိုးနှုန်းကို ၂၀၁၅ ခုနှစ်အတွက် ၃ ဒသမ ၈ ရာခိုင်နှုန်းဟုခန့်မှန်း

Thu, 12/04/2014 - 11:48 -- admin_ygn

  ကိုရီးယားသမ္မတနိုင်ငံ၏ ၂၀၁၅ ခုနှစ် စီးပွားရေးတိုးနှုန်းသည် ၃ ဒသမ ၈ ရာခိုင်နှုန်းရရှိနိုင်သည်ဟု အိုအီးစီဒီကခန့်မှန်းခဲ့သည်။ ယင်းခန့်မှန်းသုံးသပ်ချက်ကို ယခုလအစော ပိုင်းက သြစတြေးလျားနိုင်ငံ၊  ဘရစ္စဘိန်းမြို့တွင်ပြုလုပ်ခဲ့သော G20 Summit ထိပ်သီးအစည်းအဝေးတွင်တင်ပြခဲ့သည့် အချက်အလက်များနှင့် ကိုက်ညီဖော်ထုတ်ထားခြင်းဖြစ် သည်။ ပဲရစ်တွင်အခြေစိုက်သော အိုအီးစီဒီက ကိုရီးယားစီးပွားရေးသည်အစိုးရ၏ expansionary monetary policies များကြောင့်တဖြည်းဖြည်း အခြေအနေကောင်းကို ဦးတည်လာပြီဖြစ်သော်လည်း အိမ်ရာချေးငွေများစုပုံနေခြင်းနှင့် ပြည်တွင်း စားသုံးမှုလျော့ကျ နေခြင်းများလည်းရှိနေသေးကြောင်းပြောဆိုခဲ့သည်။
   ၂၀၁၆ ခုနှစ်တွင် ကိုရီးယား၏စီးပွားရေးတိုးတက်မှုနှုန်းသည် ၄ ဒသမ ၁ ရာခိုင်နှုန်းရရှိသင့်ကြောင်းနှင့် အိုအီးစီဒီသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကို ၂၀၁၅ ခုနှစ်အတွက် သုည ဒသမ ၂ ရာခိုင်နှုန်း ဖြတ်ချ၍ ၃ ဒသမ ၇ ရာခိုင်နှုန်း သာရှိမည်ဟုခန့်မှန်းသုံးသပ်ခဲ့ပါသည်။

သန့်ဇင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဆိုးလ်မြို့

International Trade News

Pages