အိန္ဒိယ ပဲစင်းငုံလက်ကားဈေး တစ်လအတွင်း ၅ % တက်

Tue, 02/06/2024 - 04:33 -- wtodep

မြန်မာနိုင်ငံမှ တင်သွင်းမှုနှင့်သီးနှံအသစ်များ ရှိနေသော်လည်း ၂ နှစ်ဆက်တိုက် စိုက်ပျိုးဧကလျှော့ချခဲ့ခြင်းနှင့် ထုတ်လုပ်မှုလျော့ကျခြင်း တို့ကြောင့် ရောင်းလိုအားထိခိုက်သည့် အိန္ဒိယ၏ ပဲစင်းငုံလက်ကားဈေးသည် ပြီးခဲ့သည့်လတွင် ၅ % မြင့်တက်လာခဲ့ကြောင်း လုပ်ငန်းရှင်များက ပြောကြားခဲ့ပါသည်။

၂၀၂၃ ခုနှစ်တွင် တစ်ကီလိုလျှင် ၂၀၀ ရူပီးဖြင့် အမြင့်ဆုံးဖြစ်ခဲ့သော ပဲစင်းငုံလက်လီဈေးသည် အစိုးရ၏ ပဲဝါတင်သွင်းမှု ခွင့်ပြုခဲ့ခြင်း၊ လက်ကျန်ပမာဏစောင့်ကြည့်မှု တင်းကြပ်ခြင်း၊ အစိုးရက ထောက်ပံ့ထားသော Bharat ကုလားပဲအား ရောင်းချခဲ့ခြင်း စသည့်ဈေးနှုန်း ထိန်းချုပ်မှုနည်းလမ်းများကြောင့် ဒီဇင်ဘာလတွင် ၅% မှ ၁၀%  အထိ ကျဆင်းခဲ့ပါသည်။

မကြိတ်ခွဲရသေးသော ပဲစင်းငုံများဈေးကျနေသဖြင့် မိုးသီးနှံများ ရိတ်သိမ်းပြီး တောင်သူများ၌ ထွက်ကုန်များရှိသော်လည်း မရောင်းချသောကြောင့် စျေးကွက်အတွင်း ပဲစင်းငုံရရှိမှု လျော့နည်းကြောင်း၊ လယ်သမားများက ဈေးတက်ချိန်ကို စောင့်နေကြပြီး ပဲစင်းငုံဈေးသည် တစ်ကီလိုလျှင် ၈၅ ရူပီးမှ ၁၂၀ ရူပီးသို့ ပြန်တက်လာပြီဖြစ်ကြောင်း ပဲခွဲစက်ပိုင်ရှင် Nitin Kalantry က ဆိုသည်။

အိန္ဒိယပဲမျိုးစုံနှင့် ကောက်နှံအသင်း Indian Pulses and Grains Association (IPGA) က ပဲခွဲ စက်များမှ ပဲစင်းငုံအလုံးလိုက်ဝယ်ယူမှု မြင့်တက်လာခြင်းကြောင့် ပဲစင်းငုံဈေးသည် လေးပတ်ဆက်တိုက် မြင့်တက်လာသည်ဟုဆိုသည်။ အိန္ဒိယနိုင်ငံသည် ၎င်း၏ပြည်တွင်း ပဲစင်းငုံလိုအပ်ချက်ကို မြန်မာနှင့်အာဖရိကတို့မှတင်သွင်းသော်လည်း အာဖရိကမှတင်သွင်းမှုများသည် ၎င်းတို့ပြည်နယ် အစိုးရများ၏ ကန့်ကွက်မှုများရှိနေပြီး မြန်မာနိုင်ငံမှသွင်းကုန်များမှာ မျှော်လင့်ထားသည်ထက် နည်းပါးနေကြောင်း ပဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးမှ ပြောကြားခဲ့သည်။

 

Source: The Economic Times

International Trade News

Pages