အိန္ဒိယအစိုးရက e-Tourist ဗီဇာ အစီအစဉ်အား နိုင်ငံပေါင်း ၃၇ နိုင်ငံ တိုးချဲ့ ၍ ဆောင်ရွက်ပေးမည်

Wed, 03/16/2016 - 04:17 -- admin_ygn

      အိန္ဒိယအစိုးရသည် နိုင်ငံ၏ ခရီး သွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အတွက်e-Toursit  Visa ထုတ်ပေးခြင်း အစီအစဉ်တွင် ဖေဖော်ဝါရီ ၂၇ ရက်မှ စ၍ နိုင်ငံပေါင်း ၃၇ နိုင်ငံအား ထပ်မံ တိုးချဲ့ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ ယခင်ကအဆိုပါအစီအစဉ်တွင် နိုင်ငံပေါင်း ၁၁၃ နိုင်ငံသာပါဝင်ခဲ့ သော်လည်းယခုအခါနိုင်ငံပေါင်း ၁၅၀ အထိရှိလာမည်ဖြစ်ကြောင်းသိရသည်။ထပ်မံတိုးချဲ့၍ ဆောင်ရွက်ပေးမည့်နိုင်ငံများမှာ အယ်လ်ဘေးနီးယား၊ သြစတြီးယား၊ ဘော့စနီးယား၊ ဟာဇီဂိုးဗီးနား၊ ဘော့ဆွာနာ၊ ဘရူနိုင်း၊ ဘူလ်ဂေးရီးယား၊ ကိတ်ဗာဒီ၊ ကိုမိုရိုစ်၊ အိုင်ဗရီကို့စ်၊ ခရိုအေးရှား၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ အီထရီယာ၊ ဂါဘွန်၊ ဂမ်ဘီယာ၊ ဂါနာ၊ ဂရိ၊ ဂီနီအာ၊ အိုက်စလန်၊ လီဆိုသို၊ လိုက်ဘေးရီးယား၊ မက်ဒါဂါစကာ၊ မာလာဝီ၊ မော်လ်ဒိုဗာ၊ နမီးဘီးယား၊ ရိုမေးနီးယား၊ ဆန်မာရီနို၊ ဆီနီဂေါ၊ ဆားဘီးယား၊ စလိုဗက်ကီးယား၊ တောင်အာဖရိက၊ ဆွာဇီလန်၊ ဆွစ်ဇာလန်၊ တာဂျစ်ကစ္စတန်၊ ထရီနီဒက်တိုဘားရိုး၊ ဇမ်ဘီယာ နှင့် ဇင်ဘာဘွေနိုင်ငံတို့ ဖြစ်ကြသည်။အိန္ဒိယအစိုးရသည် e-Tourist Visa  ဝန်ဆောင်မှုအား ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်တွင် စတင်ခဲ့ခြင်းဖြစ် ပြီး လက်ရှိအချိန်တွင် ပြည်ပခရီးသွားများအတွက် e-Tourist Visas ပေါင်း ပျမ်းမျှ ၃၅၀၀ ကို နေ့စဉ်ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး  မြန်မာသံရုံး၊ နယူးဒေလီမြို့

International Trade News

Pages