အိန္ဒိယအစိုးရက ဆိပ်ကမ်းရှင်းလင်းရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်

Wed, 03/16/2016 - 08:39 -- admin_ygn

     ပို့ကုန်သွင်းကုန်ကုန်စည်များ အတွက်ဆိပ်ကမ်းရှင်းလင်းချိန်ကို ထက်ဝက်လျှော့ချရန်နဲ့အိန္ဒိယ ကုန်သည်များအတွက် လုပ်ငန်းဆောင်ရွက်ချိန်ကိုလျှော့ချနိုင်ရန်အတွက် ဆောင်ရွက်ရာမှာအကူအညီပေးရန်အစိုးရက ကြိုးပမ်း ဆောင်ရွက်လျက်ရှိ ကြောင်းတိုင်းမ်အော့အိန္ဒိယသတင်း မှာ ဖော်ပြပါတယ်။နယ်နိမိတ်ဖြတ်ကျော်ကုန်သွယ် မှုလုပ်ငန်းများကိုဆောင်ရွက်နေတဲ့နိုင်ငံပေါင်း ၁၈၀ ရှိတဲ့အနက်အိန္ဒိယနိုင်ငံရဲ့အဆင့်နေရာကအဆင့် ၁၃ မှာရှိကြောင်း ကမ္ဘာ့ဘဏ်ရဲ့လေ့လာချက်စာတမ်းမှာဖော်ပြပါတယ်။ ပို့ုကုန်လုပ်ငန်းရှင်တစ်ယောက်ကပျမ်းမျှခြင်းအားဖြင့်စာရွက်စာတမ်းများ ပြင်ဆင် တာနဲ့ နယ်နိမိတ်ဖြတ်ကျော်ရေး စည်းမျဉ်းဥပဒေများအတွက် ကိစ္စအ၀၀ဆောင်ရွက်ရာမှာ နာရီ ၁၅၀ နီးပါးသို့မဟုတ် ခြောက်ရက်ခန့်ကြာပါတယ်။ ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေထဲ မှာ ဆိပ်ကမ်း၊ အကောက်ခွန်နဲ့ အခြားကြီးကြပ်ထိန်းသိမ်းရေးဆိုင်ရာရုံး လုပ်ငန်းအ၀၀မှသည် ပို့ကုန်ရှင်းလင်းရေးလုပ်ငန်းအထိ ပါဝင်ပါတယ်။ သွင်း ကုန်လုပ်ငန်းရှင်များအတွက်မူ နာရီ ၃၈၀ သို့မဟုတ် ၁၆ ရက်ကြာမြင့်ပါ တယ်။ နိုင်ငံတစ်နိုင်ငံလုပ်ငန်းဆောင် ရွက်ရလွယ်ကူမှု အဆင့်သတ်မှတ်ချက"Ease of  Doing Business" ရေးသား ဖော်ပြရာမှာ ပြဿနာကိုအရှိထက်ပိုမိုဖော်ပြထားတယ်လို့ အကောက်ခွန် အရာရှိများက ပြောပေမယ့် ဒီစနစ်တွေကိုပြုပြင်ဖို့အတွက် နရိန္ဒရာမိုးဒီအစိုးရ စတင်ဆောင်ရွက် နေပါပြီ။ပြဿနာအရပ်ရပ်ကို စိစစ်ဖော် ထုတ်ရန်အတွက ်ဝန်ကြီးအဖွဲ့ အတွင်း ဝန်က   စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးအတွင်းဝန် ရီတာတီးအိုရှားကို ခေါင်းဆောင်စေပြီး ခုံအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ဆောင်ရွက်ရ မယ့် ကိစ္စတွေထဲမှာ စာရွက်စာတမ်းများ ရယူရေးမှသည် စက်ရုံတွင်းထုပ်ပိုးမှု စသည့်လုပ်ငန်းတွေပါဝင်ပါတယ်။ ဤကဲ့သို့ ဆောင်ရွက်နိုင်ခြင်းအားဖြင့် ပို့ကုန်များကို မိမိစက်ရုံထဲမှာအကောက် ခွန်ရှင်းလင်းမှုကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

International Trade News

Pages