အိန္ဒိယနှင့်ဟောင်ကောင်တို့ စီးပွားရေး ဆက်ဆံမှု မြှင့်တင်ရန် သဘောတူညီ

Tue, 03/08/2016 - 09:16 -- admin_ygn

ဟောင်ကောင်   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ  ဒေသ၏အုပ်ချုပ်ရေးမှူးချုပ်ဖြစ် သူ Leung Chun-Jing  သည် အိန္ဒိယနှင့် စီးပွားရေးမြှင့်တင်နိုင်ရန် ရည်ရွယ်၍ အိန္ဒိယသို့ ပထမဆုံးတရားဝင်   သွားရောက်၍ စီးပွားရေးမြှင့်တင်မှု သဘောတူစာချုပ်ကို   လက်မှတ်ရေးထိုးခဲ့ပါသည်။အိန္ဒိယဝန်ကြီ းချုပ် နရိန္ဒရာမိုဒီနှင့် ဟောင်ကောင်အုပ် ချုပ်ရေးမှူးချုပ်တို့သည် အနာဂတ်ကုန်သွယ်မှုနှင့်ရင်း နှီးမြှုပ်နှံမှု   အခွင့်အလမ်းများကို   ဆွေးနွေး ခဲ့ကြောင်း၊ ဟောင်ကောင် အစိုးရအနေဖြင့်အိန္ဒိယနိုင်ငံနှင် နိုင်ငံရေးခို လှုံခွင့်တောင်းခံသော အခြားနိုင်ငံများ၏ ဗီဇာစည်းကမ်း များကို တင်းကျပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည့် အချိန် ဖြစ်သော်လည်း ခေါင်းဆောင်များတွေ့ဆုံဆွေးနွေး ရာတွင် ဆိုးဝါး သောအခြေအနေမရှိကြောင်း၊ ဟောင်ကောင်မှ စီးပွားရေးလုပ်ငန်း   ခေါင်းဆောင်ကိုယ်စားလှယ် ၄၀ ဦး သည် အိန္ဒိယ၏ စီးပွားရေးအခွင့်အလမ်းများကို လေ့လာ ရန်အတူလိုက်ပါ လာခဲ့ကြောင်း ၊ ဟောင်ကောင် အုပ်ချုပ်ရေး မှူးချုပ်ကလည်း အိန္ဒိယစီးပွားရေး  လုပ်ငန်းရှင်များအား တရုတ်ပြည် မကြီးနှင့်အခြားဒေသများရှိ စီးပွားရေး အခွင့် အလမ်းများသို့ ထိုးဖောက်ဝင်ရောက်နိုင်ရန် ဟောင်ကောင် ၏ Super -Connector အဖြစ် တည်ရှိမှုအား စမ်းသပ် လုပ်ကိုင်ရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ ဟောင်ကောင်အုပ်ချုပ်ရေး မှူးချုပ်က အခြားစီးပွားရေး  အခွင့်အလမ်းများကိုလည်း ထိုးဖောက်နိုင်ရန် အိန္ဒိယအစိုးရနှင့် စီးပွားရေးခေါင်းဆောင် များအားဟောင်ကောင် တွင်  ကျင်းပမည့် အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ခေါ်ခဲ့ပါသည်။CY Leung က  ဟောင်ကောင်နှင့်  အိန္ဒိယအကြား လာမည့်နှစ်အတွင်း များစွာသောစီးပွားရေး အလားအလာ များ၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့နိုင်ရန် မျှော် လင့်ကြောင်း   ပြောကြားခဲ့ပါသည်။ အိန္ဒိယသည် ဟောင် ကောင်နှင့်ကုန်သွယ်မှုအများဆုံးပြု လုပ်သော နိုင်ငံများ စာရင်းတွင်   အဆင့်ခုနစ်၌ရှိသည်။   ဟောင်ကောင်နှင့် အိန္ဒိယတို့အကြား  ရေးထိုးခဲ့သည့်   ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီ ချက်တွင်အိန္ဒိယ နှင့်ဟောင်ကောင် အကြား ရင်းနှီးမြှုပ်နှံသူများ၏ အခွင့် အရေးများကို ကာကွယ်ခြင်း၊ ကုန်သွယ် မှုအငြင်းပွားမှုများ ဖြေရှင်းပေးခြင်း၊ ကုန်သွယ်မှု တိုးမြှင့်ခြင်းများ ပါဝင် ပါသည်။   အိန္ဒိယဝန်ကြီးချုပ်က အုပ်ချုပ်ရေးမှူးချုပ်အား ပထမဆုံးခရီးစဉ်အဖြစ် အိန္ဒိယ သို့ လာရောက်မှုအား ကြို ဆိုပါကြောင်း၊ အိန္ဒိယနှင့် ဟောင် ကောင်အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွား လုပ်ငန်းချိတ်ဆက် မှုများပါ တိုးမြှင့်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။အိန္ဒိယဝန်ကြီးချုပ်နှင့်ဟောင်ကောင်အုပ်ချုပ်ရေး မှူး ချုပ်တို့သည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် နှင့်အထူးသဖြင့် ဘဏ္ဍာငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင် မှုကဏ္ဍနှင့် ပညာရေးနယ်ပယ်များတွင်ပူးပေါင်း ဆောင် ရွက်မှုမြှင့်တင်ရန် သဘောတူညီခဲ့ကြပါသည်။

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူးမြန်မာသံရုံး၊ ဟောင်ကောင်မြို့

 

 

International Trade News

Pages