အိန္ဒိယနိုင်ငံအစိုးရက စားသုံးသူအကာအကွယ်ပေးရေးဥပဒေကို ပြင်ဆင်မှုကြောင့် စားသုံးသူတို့အကာအကွယ်ပိုမိုရ

Thu, 01/15/2015 - 11:08 -- admin_ygn

   အိန္ဒိယနိုင်ငံဗဟိုအစိုးရသည် လက်ရှိစားသုံးသူအကာအကွယ်ပေးရေးဥပဒေအား ပြန်လည်ပင်ဆင်၍ စားသုံးသူတို့အား ပိုမိုအကာအကွယ်ပေးနိုင်ရန်၊ အမျိုးသားစားသုံးသူ အကာ အကွယ်ပေးရေးအာဏာပိုင် အဖွဲ့အစည်းကို ဖွဲ့စည်းတည်ထောင်ပြီး စားသုံးသူတို့၏ အရေးကိစ္စများအား ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် တာဝန်ပျက်ကွက်ပြီး အလွဲ သုံးစားပြုလုပ်သည့် ကုမ္ပဏီများအား ပြစ်ဒဏ်ချမှတ်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
   စားသုံးသူအကာအကွယ်ပေးရေးဥပဒေအား ပြန်လည်ပြင်ဆင်ခြင်းနှင့် အဖွဲ့အစည်းတည်ထောင်ခြင်းတို့ဖြင့် စားသုံးသူတို့အတွက်အရည်အသွေးမြင့်မားသည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း၊ တာဝန်ပျက်ကွက်ပြီး အလွဲသုံးစားပြုလုပ်သော ကုမ္ပဏီများကိုလည်း တရားစွဲဆိုမှုများကို လျှော့ချကာ ထုတ်ကုန်များ အား ဈေးကွက် အတွင်းမှ ပြန်လည်သိမ်းဆည်းစေခြင်းနှင့် ဒဏ်ကြေးငွေပေးဆောင်စေခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစားအသောက်ထောက်ပံ့မှုနှင့် စားသုံး သူရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Ram Vilas Paswan က ပြောကြားခဲ့ပါသည်။ အဆိုပါ ပြင်ဆင်မည့် ဥပဒေမူကြမ်းမှာ အရန်သင့်ဖြစ်နေပြီဖြစ်ပြီး အစိုးရအဖွဲ့၏ အတည်ပြုချက် ရရှိပါက လွှတ်တော်တွင် ဆွေးနွေး တင်ပြသွားမည်ဟုလည်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။
  ဆက်လက်၍ပြင်ဆင်မည့် ဥပဒေကြမ်းတွင် လွဲမှားစွာရောင်းချသည့် ကြော်ငြာလုပ်ငန်းများနှင့် e-Retailers များကိုလည်း ထည့်သွင်းအရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သည့် ကုမ္ပဏီများသည် တစ်ကြိမ်သာအသနားခံလျှောက်လဲခွင့်ရှိမည်ဖြစ်သည့်အတွက် တရားစီရင်သည့် အချိန်အား လျော့နည်းသွားစေ မည်ဖြစ် ကြောင်းလည်း ဝန်ကြီးက ထပ်လောင်းပြောကြားခဲ့ပါသည်။ လက်ရှိကာလတွင် အိန္ဒိယနိုင်ငံတွင် စားသုံးသူတရားရုံးများကို နိုင်ငံတော်အဆင့်၊ ပြည်နယ် အဆင့်နှင့် ခရိုင်အဆင့်တို့တွင်အသီးသီးဖွဲ့စည်းတည်ထောင်ထားပြီး ကုမ္ပဏီတစ်ခုအားခရိုင်အဆင့်တွင် အပြစ်ကျူးလွန်ကြောင်းတွေ့ရှိရပါက ပြည်နယ်အဆင့်တွင်သာ အသနား ခံလျှောက်ထားနိုင်မည်ဖြစ်သဖြင့် စားသုံးသူအမှုကိစ္စများအား ဖြေရှင်းဆောင်ရွက်ရာတွင် လျင်မြန်ပြီး စရိတ်လျော့နည်းသက်သာစေမည် ဖြစ်ကြောင်းလည်းသိရှိရပါသည်။ အိန္ဒိ ယနိုင်ငံအစိုးရအနေဖြင့် စားသုံးသူဖိုရမ်များကိုလည်း အမှုကိစ္စများကိုတင်ပြမည့် ဥပဒေပညာရှင်များ၏ အကူအညီကိုရယူခြင်းမရှိဘဲ ရိုးရှင်းစွာဖွဲ့စည်းသွားရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

မျိုးမျိုးထိုက်

International Trade News

Pages