အိန္ဒိယနိုင်ငံတစ်ဝန်း အအေးလှိုင်းများဖြတ်သန်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ကျောင်းများပိတ်ထားခဲ့ရ

Tue, 01/20/2015 - 14:53 -- admin_ygn

   အိန္ဒိယနိုင်ငံတစ်ဝန်းတွင် အအေးလှိုင်းများ ဖြတ်သန်းမှုကြောင့် နှင်းများထူထပ်စွာကျရောက်ခဲ့ကြောင်းသိရသည်။ ယင်းကဲ့သို့ အအေးလှိုင်းများဖြတ်သန်းမှုကြောင့် ဥတ္တရာ ပရာဒေ့ရှ် ပြည်နယ်တွင်လည်း ကျောင်းများပိတ်ထားခဲ့ရကြောင်း အိန္ဒိယတိုင်းမ်သတင်းတွင်ဖော်ပြထားသည်။
   အိန္ဒိယနိုင်ငံ၏  ဒုတိယမြို့တော်ဖြစ်သည့် ဒေလီတွင်လည်း အပူချိန်မှာစံချိန်တင်ကျဆင်းခဲ့ရာ မြို့တော်ဒေလီ၏ ဆောင်းရာသီပုံမှန် အပူချိန်ထက်ပင် ကျဆင်းလျက်ရှိကြောင်း အဆိုပါသတင်း တွင် ဖော်ပြထားသည်။
  မြို့တော်ဒေလီတွင် အပူချိန်သည် ၄  ဒီဂရီ ဆဲလ်ဆီးယပ်စ်အောက်သို့ကျဆင်းလျက်ရှိပြီး နှင်းများထူထပ်စွာကျရာက်လျက်ရှိကြောင်း၊ ယင်းကဲ့သို့  နှင်းများထူထပ်စွာ ကျရောက်နေမှု ကြောင့် ပြည်နယ်များကို ဖြတ်သန်းသွားလာသည့် ရထားခရီးစဉ်များနှောင့်နှေးခဲ့ရသည်။
   အိန္ဒိယမိုးလေဝသဌာန၏  သတင်းထုတ်ပြန်ချက်များအရ နှင်းများထူထပ်စွာကျရောက်နေမှုကြောင့် မီတာ ၅၀ အကွာကိုပင် မြင်ရရန်ခက်ခဲလျက်ရှိသည်။
   ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင်လည်း ဇန်န ဝါရီ ၁၄  ရက်အထိတိုင်အောင် အပူချိန်များ ကျဆင်းလျက်ရှိပြီး အအေးလှိုင်းများဖြတ်သန်းလျက်ရှိသဖြင့် ကျောင်းများနှင့်ကောလိပ် များကို ပိတ်ထားရန် အမိန့်ထုတ်ပြန်ထားကြောင်း  ဥတ္တရာပရာဒေ့ရှ် ပြည်နယ်အစိုးရကပြောကြားခဲ့သည်။
   ထို့ပြင် အအေးလှိုင်းဖြတ်သန်းမှုမှာ ပိုမိုကျ ရောက်လာနိုင်သည်ဟု မိုးလေဝသဌာနက ခန့်မှန်းထားသဖြင့် ကျောင်းများကို ဇန်နဝါရီ ၂၁ ရက်အထိ ပိတ်ထားဦးဖြစ်သည်။
   အိန္ဒိယနိုင်ငံအရှေ့ပိုင်းဒေသများတွင်လည်း မိုးများရွာသွန်းခဲ့သဖြင့်အအေးပိုလျက်ရှိကြောင်း၊ အအေးလှိုင်းဖြတ်သန်းမှုများကြောင့် အိန္ဒိယနိုင်ငံတစ်ဝန်းတွင် လူသေဆုံးမှုများ တိုးပွားလာနိုင်ကြောင်းဖြင့် မိုးလေဝသဌာနကသတင်းထုတ်ပြန်ခဲ့သည်။

မယ်သီတာ

 

International Trade News

Pages