အိန္ဒိယစားသုံးသူရေးရာဌာနက တင်သွင်းလာသောပဲစဉ်းငုံများအတွက် ပုံသေဈေးနှုန်းများကို အောက်တိုဘာလ ၁၈ ရက်နေ့မှ စတင်သတ်မှတ်လိုက်ပြီဖြစ်

Tue, 10/25/2022 - 05:58 -- wtodep

အိန္ဒိယအစိုးရ၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်ပမှ တင်သွင်းလာသောပဲစဉ်းငုံများအားလုံးအတွက် ပုံသေအခြေခံစျေးနှုန်းကို သတ်မှတ်လိုက်ပြီး၊ ၎င်းမှာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်မှ စတင်အသက်ဝင်ပြီး ဖြစ်ပါသည်။ အာဖရိကပင်ရင်းဖြစ်သော ပဲစဉ်းငုံများအတွက် အခြေခံစျေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၂၆.၂၀ ဒေါ်လာဖြစ်ကာ မာလာဝီ၊ မိုဇမ်ဘစ်နှင့် တန်ဇန်းနီးယားနိုင်ငံတို့အပေါ် ကျင့်သုံးမည်ဖြစ်ပါသည်။ အာဖရိကပြင်ပနိုင်ငံများဖြစ်သည့် မြန်မာနိုင်ငံကဲ့သို့နိုင်ငံများမှ တင်သွင်းလာ သည့်အပေါ် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၉၆၅.၇၀ ဒေါ်လာ သတ်မှတ်ထားကြောင်း သတင်းရရှိပါသည်။

ရင်းမြစ်၊ Tridge (၂၀-၁၀-၂၀၂၂)

ဒေါက်တာရွှေစင်ကို

ကုန်သွယ်ရေးဦးစီးဌာန

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

International Trade News

Pages