အာဆီယံ+၃ ဘွန်းစာချုပ်ထုတ်ဝေမှု အစီအစဉ်ကို ဖိလစ်ပိုင်က စတင်ဆောင်ရွက်မည်

Thu, 03/17/2016 - 07:39 -- admin_ygn

    အာဆီယံ+၃ ရဲ့ ငွေကြေးမျိုးစုံနဲ့  ဘွန်းစာချုပ်ထုတ်ဝေမှုအစီအစဉ်မှာ ဖိလစ်ပိုင်နိုင်ငံကဦးဆောင်သူနိုင်ငံတစ်နိုင်ငံအဖြစ်ပါဝင်ဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ ဒီအစီအစဉ်ကအာရှဖွံ့ဖြိုးရေးဘဏ်(Asian Development Bank- ADB)ရဲ့အစီအစဉ်တစ်ခုဖြစ်ပြီးအစီအစဉ်မှာပါဝင်တဲ့နိုင်ငံတွေ အချင်းချင်းဘွန်းစာချုပ်အပြန်အလှန်ထုတ်ဝေမှုကိုလွယ်ကူချောမွေ့စေအောင်အထောက်အကူပေးမှာဖြစ်ကြောင်းမနီလာတိုင်းမ်အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ ယခုမူဘောင်ကနှစ်နိုင်ငံအပြန်အလှန်သဘောတူညီချက်သဖွယ်ဖြစ်ပြီး ဒီမူဘောင်အရပါဝင်တဲ့နိုင်ငံတွေမှာရှိတဲ့ကော်ပိုရေးရှင်းတွေကသက်ဆိုင်ရာလက်ခံနိုင်ငံအတွင်းမှာဘွန်းစာချုပ်တွေထုတ်တဲ့အခါအထူး အခွင့်အရေးကိုခံစား ခွင့်ရှိမှာဖြစ်ကြောင်း နဲ့လက်ခံနိုင်ငံကအဆိုပါဘွန်းစာချုပ်ကိုလက်ခံဆောင်ရွက် ရမှာဖြစ်ပြီးကန့်သတ်ချက်များကို အနည်းဆုံးဖြစ်အောင်ထားရှိရမှာဖြစ်ကြောင်း အာမခံစာချုပ်စာတမ်းများနှင့် ငွေကြေးလဲလှယ်ရေးကော်မရှင် (Securities and Exchange Commission-SEC)မှ ဥက္ကဋ္ဌ တဲရဲဆီတာဟာဘိုဆာက ပြောပါတယ်။ ဒီအစီအစဉ်ကို ယခုနှစ်အတွင်း အကောင်အထည်ဖော်ဖို့ရည်မှန်းထားပါတယ်။''သဘောတူစာချုပ်မှာလက်မှတ်ရေးထိုး ပြီးပါဝင်မယ့် နိုင်ငံတွေကတခြားနိုင်ငံတွေရဲ့ ပိုင်နက်မှာ ဘွန်းစာချုပ်တွေကိုအပြန်အလှန်ရောင်းချခွင့် ရှိမှာဖြစ်ပါတယ်။ အာဆီယံ+၃ နိုင်ငံတွေအနေနဲ့ ဘွန်းစာချုပ်ထုတ်ဝေခွင့် မှတ်ပုံတင်လျှောက်ထားမှုကိုလက်ခံမယ့် နိုင်ငံအ ရေအတွက်ကို ကန့်သတ်ချက်အနည်းငယ်သာထားရှိရမှာဖြစ်တဲ့အတွက်နိုင်ငံစုံအပြန်အလှန်သဘောတူစာချုပ်အဖြစ် ဆောင်ရွက်နိုင်ပါတယ်''လို့ ဟာဘိုဆာက ပြောပါတယ်။အာဆီယံ+၃(ဂျပန်+တောင်ကိုရီးယား+တရုတ်) ငေ ွကြေးမျိုးစုံဘွန်းစာချုပ်ထုတ်ဝေမှု မူဘောင်(Ambif) အရစာချုပ်ထဲမှာပါဝင်တဲ့ နိုင်ငံတွေကသက်ဆိုင်ရာနယ်နိမိတ်တွေထဲမှာအချင်းချင်းဘွန်းစာချုပ်တွေအပြန်အလှန် ထုတ်ဝေနိုင်တဲ့အစီအစဉ်ဖြစ်ကြောင်းSEC ရဲ့ တွဲဖက်ကော်မ ရှင်နာ အက်ဖီရိုလူးဝစ်အမာတောင်က ပြောပါတယ်။

International Trade News

Pages