အမေရိကန်၏တင်းကျပ်သည့် စည်းမျဉ်းများက တောင်ကိုရီးယားနိုင်ငံကို ရိုက်ခတ်မှုများရှိလာ

Tue, 03/08/2016 - 09:13 -- admin_ygn

တောင်ကိုရီးယားနိုင်ငံ၏ စီးပွား ရေးဆိုင်ရာအထူးလုပ်ငန်းအဖွဲ့အနေ ဖြင့် အမေရိကန်အစိုးရက မကြာခင် ထုတ်ပြန်မည့် ပိုမိုတင်းကျပ်သည့် စည်းမျဉ်းများနှင့် ပတ်သက်၍ စိုးရိမ် မကင်းဖြစ်ရကြောင်း ထုတ် ပြန်ကြေညာ ခဲ့သည်။ ယင်းသို့ ထုတ်ပြန်  ရခြင်းသည် အာရှ၏ အဓိကစီးပွားရေး ဖြစ်သည့် အမေရိကန်နိုင်ငံနှင့် ကုန်စည်ကူးသန်း ရောင်းဝယ်ရာတွင် ကုန်သွယ် မှုပိုငွေ ပြလျက်ရှိသည့် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့အတွက် အဓိက ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ် ကြောင်း သိရှိရသည်။ အမေရိကန် လွှတ်တော်အမတ်များ၏  Customs and Enforcement Act ကို ပြင်ဆင် သည့် ဥပဒေအတည်ပြုခြင်းနှင့် ပတ် သက်၍ အစီရင်ခံစာတစ်ခုကိုလည်း ကိုရီးယား စီးပွားရေးသုတေသနအဖွဲ့၏ အစီရင်ခံစာတွင် ထုတ်ပြန်ကြေညာခဲ့ သည်။အဆိုပါ   ပြင်ဆင်သည့်ဥပဒေသည်  အမေရိကန်ပြည်ထောင်စု လွှတ်တော်သို့  တင်ပြအတည်ပြုချက် ရယူပြီးဖြစ်ရာ သမ္မတအိုဘားမား လက်မှတ်ရေး ထိုးရန်သာ ကျန်ရှိ ကြောင်း  အစီရင်ခံစာတွင် ဖော်ပြခဲ့ သည်။ အဆိုပါ   ပြင်ဆင်ချက်တစ်ကြိမ် အတည်ပြုသည်နှင့်  ၎င်းင်းသည်   ကုန် သွယ်မှု၊   နိုင်ငံခြားငွေလဲလှယ်ခြင်း၊ ဘဏ္ဍာရေးနှင့်   စက်မှုလုပ်ငန်းဆိုင်ရာ မူဝါဒများ အပါအဝင် စီးပွားရေးမူဝါဒ များစွာအပေါ်တွင် အကျိုးသက်ရောက် မှုရှိမည်ဖြစ်သည်။ အသစ်ပြဋ္ဌာန်းလိုက် သည့် စည်းမျဉ်းများသည် ကုန်သွယ်မှု ပြုနေသည့် နိုင်ငံများအနေဖြင့် နိုင်ငံ  ခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆွဲဆောင် ရာတွင် အခက်တွေ့စေမည်ဖြစ်ကြောင်း စီးပွားရေးဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့ အနေဖြင့်ပြောကြားခဲ့သည်။   ပြီးခဲ့သည့်  ဧပြီလအတွင်း ထုတ်ပြန်ခဲ့သည့်  အမေ ရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန အစီရင် ခံစာ၌  တောင်ကိုရီးယားနိုင်ငံ သည် ၎င်းင်းတို့၏  နိုင်ငံခြားငွေကြေးဈေးကွက် ကို ကြားဝင်ဆောင်ရွက်နေသည်ဟု ပြောကြားချက်အရ ယခုကဲ့သို့ ဥပဒေ ပြင်ဆင်ချက်ထုတ်ပြန်မှုသည် ကိုရီး ယားနိုင်ငံကို အထူးသဖြင့် ရည်ရွယ် ထုတ် ပြန်သည်ဟု   ယူဆ ရကြောင်း လည်း သုံးသပ်ကြ သည်။

 
  ခင်မျိုးသော်၊ စီးပွားရေးသံမှူး
 မြန်မာသံရုံး၊ ဆိုးလ်မြို့

International Trade News

Pages