အင်ဒိုနီးရှားနိုင်ငံသည် ခရစ်ပတိုငွေကြေးဖြင့် ရောင်းဝယ်နိုင်မှုကို ခွင့်ပြုတော့မည်ဖြစ်ခြင်း

Tue, 01/17/2023 - 06:58 -- wtodep

အင်ဒိုနီးရှားနိုင်ငံသည် ဥပဒေစည်းမျဉ်းများ ပြောင်းလဲမှုမပြုလုပ်ရသေးပဲ ယခုနှစ်မှစ၍ ခရစ်ပတိုငွေကြေးဖြင့် ရောင်းဝယ်နိုင်ရန် စီစဉ်နေကြောင်း Bloomberg သတင်းဌာနက ဖော်ပြထားပါသည်။

အင်ဒိုနီးရှားနိုင်ငံ၌ ခရစ်ပတိုငွေကြေးကို ကုန်စည်စာချုပ်များတွင်ဖော်ပြပြီး ရောင်းဝယ်လျှက်ရှိကာ အနာဂတ်ကုန်စည် ရောင်းဝယ်မှုထိန်းကွပ်ရေးအဖွဲ့ (Commodity Futures Trading Regulatory Agency)က ကြီးကြပ်ကွပ်ကဲကြောင်း၊ ငွေကြေးကဏ္ဍကို ပိုမိုပြုပြင်ပြောင်းလဲရေးအတွက် ငွေကြေးဝန်ဆောင်မှုအာဏာပိုင်အဖွဲ့ (Financial Services Agency-FSA) က လာမည့် ၂ နှစ်အတွင်း ခရစ်ပတိုငွေကြေးများကို ထိန်းကွပ်သွားရန် စတင်တော့မည်ဖြစ်ကြောင်း၊ အနာဂတ် ကုန်စည်ရောင်းဝယ်မှုထိန်းကွပ်ရေးအဖွဲ့ ခေတ္တဥက္ကဌ Didid Noordimoko ကပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် ခရစ်ပတိုငွေကြေးသုံးစွဲမှုကို ထောက်ခံသော်လည်း နိုင်ငံ၏ တရားဝင်ငွေကြေးဖြစ်သည့် အင်ဒိုနီးရှားရူပီးအပေါ် အကျိုးသက်ရောက်မှုကို စိတ်ပူကြောင်း၊ ဗဟိုဘဏ်က ဒစ်ဂျစ်တယ်ငွေကြေးများ သုံးစွဲမှုနှင့်စပ်လျဉ်း၍ စာတမ်းပြုစုထုတ်ပြန်ခဲ့ပြီး မကြာသေးမီက ပြဌာန်းခဲ့သော ဥပဒေတွင် ခရစ်ပတိုငွေကြေးနှင့် ဒီဂျစ်တယ်ပိုင်ဆိုင်မှုများကို ဥပဒေအရ ထိန်းကြောင်းမည့် ချေးငွေစာချုပ်များအဖြစ် ဖော်ပြထားကြောင်း၊ ပြီးခဲ့သည့်နှစ်က ခရစ်ပတိုငွေကြေးဈေးကွက် ကျဆင်းခဲ့သော်လည်း ရင်းနှီးမြှုပ်နှံ သူအသစ်များသည် စိတ်ဝင်စားဆဲဖြစ်ကြောင်း၊ အင်ဒိုနီးရှားတွင် ၂၀၂၁ ခုနှစ် က ခရစ်ပတိုငွေကြေးရင်းနှီးမြှုပ်နှံသူ ၁၁.၂ သန်းရှိပြီး လက်ရှိတွင်  ၁၆ သန်းအထိ တိုးတက်နေကြောင်း၊ ခရစ်ပတိုငွေကြေးဈေးကွက် ကျဆင်းချိန်တွင် ကုန်သွယ်မှုတန်ဖိုး အင်ဒိုနီးရှားရူပီး ၃၀၀ ထရီလီယံအထိ ကျဆင်းခဲ့ကြောင်း Bloomberg သတင်းထောက်က ရေးသားထားပါသည်။

Source: Bloomberg

International Trade News

Pages