ဝင်ငွေနည်းသူများအတွက် ချေးငွေကို ထိုင်းနိုင်ငံမှာဆောင်ရွက်

Thu, 12/04/2014 - 12:01 -- admin_ygn

   ထိုင်းနိုင်ငံ အစိုးရသည် under ground  loan  ပြဿ    နာကို ဖြေရှင်းရန် ရည်ရွယ်သောနည်းလမ်းသစ်တစ်ခုအဖြစ် Nanofinance လုပ်ငန်းကို စတင်ဆောင်ရွက်မည်ဖြစ် သည်။ Nanofinance သည်အပေါင်ပစ္စည်း အနည်းငယ် သို့မဟုတ် လုံးဝမလိုဘဲ အသေးစားချေးငွေများကို သက်တမ်းထပ်တိုးနိုင်သော ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ် ငန်းဖြစ်သည်။
   ဝင်ငွေနည်းသူများကို ဝန်ဆောင်မှုပေးရန်ရည်ရွယ်သောငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းသစ် သို့မဟုတ် Nanofinance ကို ပြည်သူများအတွက် နှစ်သစ်ကူးလက်ဆောင် အဖြစ် ယခုနှစ်အကုန်တွင် စတင်မည်ဖြစ်ကြောင်း၊ အဆိုပါအစီအစဉ်အရစိတ်ပါဝင်စားသော ရင်းနှီးမြှုပ်နှံသူများအနေဖြင့် Nanofinance လုပ်ငန်းလိုင်စင် လျှောက်ထားနိုင်ပြီး လက်လီ ငွေချေးလုပ်ငန်းဆောင်ရွက်ရန် ကုမ္ပဏီတည်ထောင်ရမည်ဖြစ်ကြောင်း၊ ငွေချေးယူသူတစ်ဦးလျှင် ဘတ် ၁၀၀,၀၀၀ ခန့်ကို (အများဆုံး အတိုးနှုန်းအဖြစ်) တစ်နှစ်လျှင် ၃၆ ရာခိုင်နှုန်း ဖြင့် ထုတ်ချေးပေးမည်ဖြစ်ကြောင်းသိရှိရသည်။
  အပေါင်ပစ္စည်းမလိုဘဲ သို့မဟုတ် အာမခံပစ္စည်းအနည်းငယ်ဖြင့်  ချေးငွေကို နောက်ထပ်ချေးယူနိုင်သည်ဖြစ်ရာ စွန့်စားရမှုများသောလုပ်ငန်းဖြစ်၍ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် အတိုးနှုန်းသည် မြင့်မားရန်လိုအပ်ကြောင်း၊ Nanofinance ၏ အတိုးနှုန်းသည် လက်ရှိ under ground loan အတိုးနှုန်းနှင့် နှိုင်းယှဉ်ပါက နည်းပါးနေ ဆဲဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးမစ္စတာဆွမ်မိုင်ကပြောကြားခဲ့သည်။
   အသေးစားချေးငွေလုပ်ငန်း (micro credit) သည် တရားမဝင်အလုပ်သမားများ (informal workers) များကို အတိုးနှုန်း ၂၈ ရာခိုင်နှုန်း ဖြင့် တစ်ဦးလျှင် ဘတ် ၂၀၀,၀၀၀ အထိ ချေးပေးရသည်ဖြစ်ရာ စီးပွားရေးအရ တွက်ခြေမကိုက်ကြောင်း ဘဏ်များမှမကျေမနပ်ပြောဆိုခဲ့ကြကြောင်း၊ အဆိုပါ မကျေနပ်မှုကို ဖြေရှင်းပေးလိုသည့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ စီမံချက်တွင် Nanofinance ဝန်ဆောင်မှုလုပ်ငန်းသည် အဓိကအစီအစဉ်တစ်ခုဖြစ်ကြောင်းသိရပါသည်။

ရီရီမွန်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဘန်ကောက်မြို့

International Trade News

Pages