လေယာဉ်ဥပဒေချိုးဖောက်မှုကိစ္စအတွက် ကိုရီးယားအဲလိုင်းအမှုဆောင်ကို ခေါ်ယူမေးမြန်း

Wed, 12/24/2014 - 15:10 -- admin_ygn

   ပြည်ပမှာလေကြောင်း  ဥပဒေချိုးဖောက်မှုဖြစ်ပွားခဲ့ပြီး ''Nut Rage'' လို့နာမည်ကျော်ကြားခဲ့တဲ့ကိစ္စအတွက် တောင်ကိုရီးယားအဲလိုင်းအကြီးတန်း အမှုဆောင်အရာရှိဟောင်း ချိုဟွန်အာကို တောင်ကိုရီးယားတရားရေးဌာနကခေါ်ယူမေးမြန်းခဲ့ပါတယ်။ ဒီကိစ္စက တောင်ကိုရီးယားနိုင်ငံမှာ ကျယ်ကျယ်လောင်လောင်ပြောစရာဖြစ်ခဲ့ကြောင်း ယွန်ဟပ် သတင်းမှာ ဖော်ပြထားပါတယ်။
  ကိုရီးယားအဲလိုင်းအမှုဆောင် အရာရှိချုပ်ရဲ့သမီးဖြစ်တဲ့ ဟီသာချိုက သူမကိုဧည့်ခံတဲ့ မက္ကာဒေးမီးယားသစ်စေ့တွေကို ပန်းကန်နဲ့မထည့်ဘဲအထုပ်လိုက်ပေးတဲ့အတွက် ဒေါသ ထွက်ပြီး နယူးယောက်-ဆိုးလ်ခရီးစဉ်က လေယာဉ်ကေဘင်ခန်း  ဝန်ထမ်းအဖွဲ့အကြီးအကဲကို လေဆိပ်ဂိတ်ဝကို ပြန်ပို့ပြီး လေယာဉ်ပေါ်ကနေဆင်းဖို့ ၎င်းကခိုင်းစေခဲ့ပါတယ်။
   ချိုက လေယာဉ်မယ်နဲ့လေယာဉ် အမှုထမ်းအဖွဲ့အကြီးအကဲကိုအော်ဟစ်ပြီး  ဆူပူခဲ့တဲ့အတွက် လေကြောင်း လုံခြုံရေးဥပဒေကို ချိုးဖောက်ကြောင်း သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန စစ်ဆေးရေးအဖွဲ့ကတွေ့ရှိခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ဒီဇင်ဘာ ၅ ရက်က ဖြစ်ပျက်ခဲ့ပြီး မီဒီယာတွေက သစ်သီးကို အခြေပြု ပြီးဖြစ်ရတဲ့ဒေါသ (Nut Rage) ဆိုပြီး  သုံးစွဲခဲ့ကြပါတယ်။
   သူမက  လေယာဉ်ကေဘင်ခန်း ဝန်ထမ်းအဖွဲ့ခေါင်းဆောင်ကို  အတင်းအဓမ္မပြုမှု  ရှိ/မရှိ၊ လေယာဉ်မှူးကို  လေဆိပ်သို့ လေယာဉ်ပြန်မောင်းဖို့ အမိန့်ပေး၊ မပေးနဲ့ လေယာဉ် အမှုထမ်းနှစ်ဦး အပေါ်အဓမ္မပြုမှု ရှိ/မရှိ  တရားရေးအဖွဲ့ကစစ်ဆေးသွားမှာဖြစ်ကြောင်း ယွန်ဟပ်သတင်း အေဂျင်စီကပြောပါတယ်။

ဉာဏ်တင်

 

International Trade News

Pages