ရေနံစိမ်းဈေးနှုန်းကျဆင်းမှုကို ပင်လယ်ကွေ့အာရပ်နိုင်ငံတို့က အမျိုးမျိုးတုံ့ပြန်

Wed, 12/24/2014 - 15:05 -- admin_ygn

   ၂၀၁၅ ခုနှစ်မှာ ရေနံဈေးနှုန်း တွေဆက်လက်ကျဆင်းရင် ပင်လယ်ကွေ့အာရပ်နိုင်ငံစီးပွားရေးတွေအပေါ်  ဘယ်လိုရိုက်ခတ်လာမလဲဆိုတဲ့မေးခွန်းက ဒေသတွင်း မှာ ဆွေးနွေးစရာ အကြောင်းအရာတစ်ခုသဖွယ်ဖြစ်နေပြီး အရာရှိများနဲ့ စီးပွားရေးလုပ်ငန်းအမှုဆောင်များက အဖြေအမျိုးမျိုးထုတ်သုံးသပ်လျက်ရှိကြောင်း ရှင်ဝှာသတင်း မှာ ဖော်ပြပါတယ်။
  ရေနံဈေးနှုန်းကျဆင်းမှုက အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)ရဲ့ စီးပွားရေးအလားအလာကိုပြောင်းလဲနိုင်မည်မဟုတ်ကြောင်း ပင်လယ်ကွေ့နိုင်ငံများရဲ့ ဒုတိယ ဥက္ကဋ္ဌနဲ့ ဝန်ကြီးချုပ်ရှိတ်မိုဟာမတ် ဘင်ရာရှစ်က ဒူဘိုင်းမှာပြုလုပ်တဲ့  အာရပ်မဟာဗျူ ဟာဖိုရမ်မှာ ဒီဇင်ဘာ ၁၄ ရက်က ပြောပါတယ်။
   ဒါပေမယ့် ကူဝိတ်မှအစပြုပြီး အိုမန်နိုင်ငံအဆုံးတည်ရှိနေတဲ့ စတော့ဈေးကွက်တွေကတော့ မကြာသေးမီရက်ပိုင်းအတွင်း အကြီးအကျယ်ကျဆင်းတာ ကိုတွေ့ရပါတယ်။ ဒါကြောင့် ''ရွှေမဲ''   ဖြစ်တဲ့ရေနံဈေး နှုန်းကျဆင်းမှုက စီးပွားရေးတွေအပေါ်သက်ရောက်မှုရှိနေတယ်ဆိုတာကို ပြသနေပါတယ်။
   ယူအေအီးနဲ့ ကာတာနိုင်ငံတို့ရဲ့ စတော့အိတ်ချိန်း တွေက ၂၀၁၄ ခုနှစ်အတွင်း မြင့်တက်မှုရှိခဲ့တဲ့အခြေအနေကနေကျဆင်းလာတာကိုတွေ့နေရပါတယ်။ ဒူဘိုင်းနဲ့ အဒူဒါဘီ မှာရှိတဲ့ ယူအေအီးဈေးကွက်တွေမှာ လွန်ခဲ့တဲ့ ရက်သတ္တပတ်နှစ်ပတ်အတွင်းမှာ ဈေးကွက် တန်ဖိုး ဒီရမ် ၆၅ ဘီလီယံ (ဒေါ်လာ ၁၇ ဒသမ ၇၁ ဘီလီယံ) ကျဆင်းခဲ့တာ ကို တွေ့ရပါတယ်။
   လွန်ခဲ့တဲ့ ခြောက်လကဆိုရင် ပင်လယ်ကွေ့ အာရပ်နိုင်ငံများရဲ့ ရှယ်ယာဈေးနှုန်းတွေက ဒေသတွင်းမှာသာမက တစ်ကမ္ဘာလုံးအတိုင်းအတာအတွင်းမှာပါ ထိပ်ဆုံးနေရာမှာ ရှိနေခဲ့ပါတယ်။

ဉာဏ်တင်

International Trade News

Pages