ရုရှားက ပင်လယ်နက်သဘောတူညီချက်စာချုပ်ကို ဆိုင်းငံ့လိုက်ပြီးနောက် ဂျုံဈေးနှုန်း ၆ ရာခိုင်နှုန်းနီးပါး တက်သွားခြင်း

Fri, 11/11/2022 - 08:56 -- Dotbilateral

   ပင်လယ်နက်ဒေသပို့ကုန်သဘောတူညီချက်မှ ရုရှားနှုတ်ထွက်မှုသည် ကမ္ဘာ့ဂျုံနှင့် ပြောင်း ဈေးကွက်တွင် စိုးရိမ်ပူပန်မှုများဖြစ်စေပြီး ချီကာဂိုကုန်သွယ်ရေးဘုတ်၌ ဂျုံဈေးနှုန်းသည် ၆ % နှင့် ပြောင်းသည် ၂ % အသီးသီး မြင့်တက်ခဲ့ပါသည်။ ရုရှားက သိမ်းပိုက်ထားသော ခရိုင်းမီးယားဒေသတွင် ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ရုရှားက ပင်လယ်နက်သဘောတူညီချက်၌ ပါဝင်မှုကို ဆိုင်းငံ့လိုက်ပါသည်။

   ရုရှား၏ နှုတ်ထွက်မှုကြောင့် အာဖရိကနှင့် အရှေ့အလယ်ပိုင်းသို့ တင်ပို့မည့် ဂျုံတန်ချိန် ပေါင်းများစွာသည် အခက်အခဲကြုံ တွေ့နေရကြောင်း၊ ဥရောပသို့ ယူကရိန်းပြောင်း တင်ပို့မှုမှာ လည်း ထိခိုက်နိုင်ဖွယ်ရှိကြောင်းနှင့် ကုလသမဂ္ဂ၊ တူရကီ၊ ယူကရိန်းတို့သည် နှံစားသီးနှံ တင်ပို့နိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

   ကုလသမဂ္ဂက ကြားဝင်စေ့စပ်ပေးသည့် သဘောတူညီချက်အရ၊ ကုလသမဂ္ဂ၊ တူရကီ၊ ရုရှားနှင့် ယူကရိန်းတို့မှ အရာရှိများ ပါဝင်သော ပူးတွဲညှိနှိုင်းရေးစင်တာ (Joint Coordination Centre-JCC) သည် သင်္ဘောများသွားလာမှုနှင့် စစ်ဆေးမှုများပြုလုပ်ရန် သဘောတူခဲ့ ကြပါသည်။ ပြောင်း၊ ဂျုံ၊ နေကြာထွက်ကုန်များ၊ မုယောနှင့် ပဲပိစပ်တန်ချိန် ၉.၅ သန်းကျော်ကို ပင်လယ်နက်မှ ဇူလိုင်လကတည်းက တင်ပို့လျက်ရှိပါသည်။

   ရုရှားနှင့် ယူကရိန်းနှစ်နိုင်ငံသည် ကမ္ဘာ့ဂျုံအများဆုံးတင်ပို့သူများဖြစ်၍ ရုရှားနှင့် ယူကရိန်းအကြား  ရှစ်လကြာဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ဂျုံဈေးကွက်သည် ထိလွယ်ရှလွယ် ဖြစ်နေကြောင်း သိရှိရပါသည်။

Source: Reuters

International Trade News

Pages