ယူရိုဇုန် ထောက်ပံ့မှု မြှင့်တင်ပေးရန် အီးစီဘီအပေါ် ဖိအားပေးမှု မြင့်တက်

Tue, 03/08/2016 - 08:54 -- admin_ygn

        ဇန်နဝါရီအတွင်း  ဥရောပသမဂ္ဂ တစ်ခုလုံး   စီးပွားရေးကျဆင်းလာပြီး နောက်ပိုင်းအလူးအလဲရုန်းကန်နေရ တာကြောင့် ယူရိုဇုန်ကိုတိုးမြှင့်ထောက် ပံ့ပေးရန်ဥရောပဗဟိုဘဏ်(Euro- pean Centeral Bank -ECB) အပေါ်သို့ ဖိအားပေးမှုများကြီးထွားလာကြောင်း ဂါးဒီးယန်းသတင်းမှာ  ဖော်ပြပါတယ်။ဈေးနှုန်းတွေရုတ်တရက် ကျဆင်းလာတာကိုကြည့်ခြင်းအားဖြင့် ငွေကြေးဖောင်းပွမှုနှုန်းကအနုတ်သဘောဆောင်လာပြီးယူရိုဇုန်တစ်ခုလုံးက    အလုံးစုံ ငွေတန်ဖိုးကြုံ့မှုနဲ့ ရင်ဆိုင်ရမယ့်အဖြစ်သို့ဦးတည်နေတာကိုပြသလျက်ရှိပါတယ်။ အီးစီဘီကလာမယ့်သီတင်းပတ်ထဲမှာ ပြုလုပ်မယ်အစည်းအဝေးမှာဈေးကွက် အတွင်းသို့ ငွေတွေဖြည့်ဆည်းပေးပြီးဗဟိုဘဏ်အတိုးနှုန်းကိုလည်း  သုည ရာခိုင်နှုန်းရောက်တဲ့အထိ ဆောင်ရွက် သွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။စွမ်းအင်ဈေးနှုန်းတွေ  ကျဆင်းမှု က ဈေးနှုန်းတွေကျဆင်းရတဲ့နောက် ကွယ်ကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် စီးပွားရေးရဲ့ တခြား နယ်ပယ်မှာရှိနေတဲ့ကုန်ဈေးနှုန်းရဲ့ ဖိအားပေးမှုကလည်းအရေးပါတဲ့ အခန်းကဏ္ဍကပါဝင်နေပါတယ်။  ကုန်ဈေးနှုန်းကျဆင်းမှုရဲ့လမ်းညွှန်အဖြစ် ယူဆထားတဲပင်မငွေကြေးဖောင်းပွမှု (Core Inflation)ကလည်းကျဆင်း နေပါတယ်။
ဈေးနှုန်း  အတက်အကျများတဲ့ အစားအစာနဲ့ စွမ်းအင်တို့ကို ထည့်သွင်း တွက်ချက်ထားခြင်းမရှိတဲ့ Jh Core Inflation က ဇန်နဝါရီ မှာ တစ်ရာခိုင် နှုန်းရှိရာမှ ယခုအခါ သုည ဒသမ ၈ ရာခိုင်နှုန်းရှိ မယ်လို့ ခန့်မှန်းထားပါတယ်။

International Trade News

Pages