ဘင်္ဂလားဒေ့ရှ်ဆန်ကို တင်သွင်းဖို့ ဖိလစ်ပိုင်က စဉ်းစားနေ

Thu, 12/04/2014 - 10:13 -- adminDep

   ဖိလစ်ပိုင်နိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆန်ကိုတင်သွင်းဖို့စဉ်းစားနေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ဆန်ထုတ်လုပ်မှုဖူလုံတဲ့အခြေအနေကိုaရာက်ရှိပြီး ဆန်တင်ပို့မှု စတင်တော့မှာဖြစ်တဲ့အတွက် အခုလိုဆန်တင်ပို့ရဖွယ်ရှိကြောင်း  ပြည်တွင်းသတင်းများကို ကိုးကားပြီး  Oryza  သတင်းမှာ ဖော်ပြပါတယ်။ အဲဒီဘင်္ဂလားဒေ့ရှ်ဆန်ကို တင် သွင်းဖို့စိတ်ဝင်စားတဲ့ကိစ္စဟာ ဖိလစ်ပိုင်ဗဟိုဘဏ်နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရဘဏ်တို့ပြုလုပ်ခဲ့တဲ့ အစည်းအဝေးအပြီးထွက်လာတဲ့ရလဒ်ဖြစ်တယ်လို့လည်းသိရပါတယ်။
   ''ဘင်္ဂလားဒေ့ရှ်က ဝယ်လိုအားထက် ပိုပြီးထုတ်လုပ်နေတယ်၊ ကျွန်တော်တို့က ဆန်အမြောက်အမြားတင်သွင်းဖို့လိုအပ်တယ်၊ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ဆန်ကို တင်သွင်းလို တယ်''လို့ ဖိလစ်ပိုင်ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးက ပြောကြားပါတယ်။
   ဖိလစ်ပိုင်ကို ဆန်တင်ပို့ဖို့ စတင်ဆောင်ရွက်လိမ့်မယ်လို့လည်း ၎င်းက ထပ်လောင်းပြောကြားကြောင်းသိရပါတယ်။ လာမယ့်လမှာတော့ ဆန်ရောင်းချမှုကို နှစ်နိုင်ငံအစိုးရ များဆွေးနွေးလိမ့်မယ်လို့လည်း ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့ဟာ ဆန်တင်ပို့မှုနဲ့ပတ်သက်လို့ ဆွေးနွေးဖို့ နောက်လမှာ ဖိလစ် ပိုင်ကိုသွားရောက်ဖွယ်ရှိတယ်လို့လည်း ၎င်းက ထပ်လောင်းပြောကြားကြောင်းသိရပါတယ်။
   ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဆန်မွှေးမဟုတ်တဲ့ ဆန်တင်ပို့မှုကို ၂၀၁၄-၁၅(ဇူလိုင်-ဇွန်)အထိ တင်ပို့မှုပိတ်ပင်ခြင်းကို သက်တမ်းတိုးခဲ့ပေမယ့်လည်း သီရိလင်္ကာနိုင်ငံရဲ့  ပြင်းထန် တဲ့ မိုးခေါင်မှုကို အချိန်မီအထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ပြီး (CIF) ဈေးတစ်တန် ကန်ဒေါ်လာ ၄၅၀ ဈေးနဲ့ သီရိလင်္ကာနိုင်ငံကို  ဆန်တန်ချိန် ငါးသောင်းတင်ပို့ဖို့ အဆိုပြုခြင်းကို မကြာသေးခင်က လက်ခံခဲ့တာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ ဖိလစ်ပိုင်နိုင်ငံကလည်း ဆန်သိုလှောင်မှုကို ဖြည့်တင်းဖို့နဲ့ ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ဖို့အတွက် ယခုနှစ် တင်သွင်းတဲ့ ဆန်တန်ချိန် ၁ ဒသမ ၅ သန်းနဲ့ ယခင်နှစ်လက်ကျန်တင်သွင်းမှုတန်ချိန် သုံးသိန်းအပါအဝင် ၂၀၁၄ ခုနှစ် လက်ရှိအချိန်ထိ  ဆန်တန်ချိန် ၁ ဒသမ ၈ သန်း တင် သွင်းထားပြီးဖြစ်ပါတယ်။ ယခုနှစ်ပထမလေးလအတွင်း စပါးအထွက်ကျဆင်းနိုင်တဲ့ခန့်မှန်းချက်တွေကြောင့်လည်း ၂၀၁၅ ခုနှစ်မှာ ဆန်မြောက်အမြားဆက်လက် တင်သွင်းဖွယ် ရှိပါတယ်။
   ဖိလစ်ပိုင်စာရင်းအင်းဌာန (PSA) စာရင်းအရ ၂၀၁၅ ခုနှစ် ပထမလေးလအတွင်း စပါးအထွက်ကို တန်ချိန် ၄ ဒသမ ၂၈ သန်းရှိမယ်လို့ခန့်မှန်းထားလို့ ပြီးခဲ့တဲ့နှစ် စံချိန်တင်ထွက်ရှိခဲ့တဲ့ တန်ချိန် ၄ ဒသမ ၃၁ သန်းအောက် သုည ဒသမ ၆ ရာခိုင် နှုန်းခန့်ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၁၄ မှာ စုစုပေါင်းစပါးထုတ်လုပ်မှုက တန်ချိန် ၁၈ ဒသမ ၈၈ သန်း ဝန်းကျင်ထွက်ရှိခဲ့တယ်လို့သိရပါတယ်။

လမင်း

International Trade News

Pages